ပရိသတ်အချစ်တော် ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်ကို အားလုံးသိကြမယ် ထင်ပါတယ်။ ဝါရင့် အဆိုတော်ကြီး တစ်ဦးဖြစ်တဲ့ ဂရေဟမ်ရဲ့ သမီးနှစ်ယောက်ဖြစ်ပြီး ဖခင်ရဲ့ လမ်းညွှန်မှုတွေ အောက်မှာနေကာ အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းနေ ကြတာ ပဲဖြစ်ပါတယ်။ သမီးအလိမ္မာ လေးတွေ ဖြစ်ပြီး မိဘ အပေါ်သိတက်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ် ကတော့ ယခု အချိန်မှာလည်း ပရိသတ်တွေ ကိုယ်ဆီ ရရှိထားကာ သီချင်းတွေ ဖန်တီးနေပြီး ပရိသတ်တွေ အားပေးထောက်ခံမှုနဲ့ မိမိ ဝါသနာ ပါရာ ဂီတ လမ်းကို ဆက်လက်လျှောက်လှမ်းနေကြတာ ပဲဖြစ်ပါတယ်။



ဖခင်ဖြစ်သူကလည်း တစ်ချိန်က အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ ဝါရင့်အဆိုတော်ကြီး တစ်ဦးဖြစ်တာကြောင့် သမီးတွေကလည်း ဖခင်ရဲ့ ခြေရာကို နင်းကာ ဂီတ လမ်းမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေကို ရရှိနေတာ ပဲဖြစ်ပါတယ်။ ပန်းရောင်ခြယ် ဟာဆိုရင်လည်း ဂီတ အလုပ်ပါ မက ယခုချိန်မှာ လည်း ဇာတ်လမ်းတွဲတွေကို အဓိက ဇာတ်ဆောင်နေရာကနေ လက်ခံရိုက်ကူးလာတာကြောင့် သရုပ်ဆောင် အရည်အချင်း ရှိသူတစ်ဦးကြောင်းသိသာ ထင်ရှား လှပါတယ်။ လတ်တလောမှာ လည်း နှစ်ယောက်လုံး ပွဲတွေ တက်လိုက် ကြောငြာတွေရိုက်ကူး လိုက်နဲ့ ဘဝကို ကြိုးစားပြီး ဖြတ်သန်းနေကြတာ ပဲဖြစ်ပါတယ်။



ယခုအခါမှာတော့ မွေးနေ့ အမှတ်တရ အနေနဲ့ “Memories” သီချင်းလေးကို cover ဆိုပြီး ချပြလာတာ ပဲဖြစ်ပါတယ်။ ကြီးကျယ် ခမ်းနားလွန်းလှတဲ့ အိမ်တော်ကြီး ထဲမှာ အသံချိုချိုသာသာ လေးတွေ နဲ့ အားလုံးရဲ့ စိတ်လေး အေးချမ်း စေလောက်တဲ့ အသံတွေနဲ့ သီဆိုထားတဲ့ မွေးနေ့ အမှတ်တရ cover သီချင်းလေးနဲ့ အတူ ငယ်ဘဝ ပုံလေးတွေကို ချပြလာတာ ပဲဖြစ်ပါတယ်။ဒီ ဗီဒီယို လေးထဲမှာ ပန်းရောင်ခြယ် နဲ့ ပန်းသွန်းခြယ် ဟာ ၅နှစ်ကြီး ၅နှစ် ငယ်ဆိုပင်မယ့် ရွယ်တူ လားလို့ထင်ရလောက်အောင် နှစ်ယောက်လုံး က နုပျို လှပနေကြတာ ပဲဖြစ်ပါတယ်။ ကဲ..ပရိသတ်ကြီး တို့ကလည်း သူမတို့နှစ်ယောက် သီဆိုထားတဲ့ သီချင်း ဗီဒီယိုလေးကို ကြည့်ရှု့ လိုက်ကြပါဦးနော်….။



သတင်းအရင်းမြစ်: Pan Thun Chel Facebook account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။