ဝေဖန်မှုတွေကြားကနေ  အောင်မြင်မှုတွေ  ဆက်လက်ရရှိအောင်  အားထုတ်ကြိုးစားနေပြီး  အနုပညာလောကတွင်နေရာတစ်နေရာ  ရပ်တည်လျက်ရှိနေသူကတော့  သရုပ်ဆောင်   မင်းသားချောလေး  နေဒွေးပဲ  ဖြစ်ပါတယ်။  သူဟာ  အနုပညာမျိုးရိုးမရှိဘဲ  ကိုယ်ထူကိုယ်ထ  ကြိုးစားမှုတွေကြောင့်  ပရိသတ်တွေ  အားပေးမှုတွေကို  ဆယ်စုနှစ်ကျော်တိုင်အောင်  ရရှိလာသူတစ်ယောက်လည်း  ဖြစ်ပါတယ်။   နေဒွေးကတော့  စီးပွားရေးဘက်မှာလည်းတိုးတက်အောင်  လုပ်ငန်းအသစ်တွေ  တိုးချဲ့လုပ်ကိုင်နေတာလည်း  ဖြစ်ပါတယ်။

Photo Crd- Nay Dway’s Facebook Account 
Photo Crd- Nay Dway’s Facebook Account 
Photo Crd- Nay Dway’s Facebook Account 

သူဟာ  လက်ရှိမှာလည်း   အချစ်ရဆုံး  ချစ်သူကောင်မလေးနဲ့ အတူ  ရန်ဖြစ်လိုက်  ပြန်ချစ်လိုက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကို  အတူတူလျှောက်လှမ်းနေတာလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေကလည်း   နေဒွေးကိုသာမကဘဲ  သူ့ရဲ့ချစ်သူလေးကိုပါ  အချစ်တွေပိုနေကြတာပဲ  ဖြစ်ပါတယ်။  တစ်ယောက်နဲ့တစ်ယောက် အနေဝေးပေမယ့်လည်း  တစ်ယောက်အပေါ်တစ်ယောက်  ထားရှိတဲ့မေတ္တာတရားတွေကတော့  မြင်ရသူတိုင်းကို  အားကျလောက်စေတာ  အသေချာပဲ  ဖြစ်ပါတယ်။

Photo Crd- Nay Dway’s Facebook Account 
Photo Crd- Nay Dway’s Facebook Account 
Photo Crd- Nay Dway’s Facebook Account 

မကြာသေးခင်ကလည်း  နေဒွေးတစ်ယောက်  ချစ်သူရှိရာ  မန္တလေးကို  အလည်အပတ်သွားရောက်ခဲ့တာပဲ  ဖြစ်ပါတယ်။  မနေ့ကလည်း  ချစ်သူလေးရဲ့ အသိတတ်တာလေးကို  သူ့ရဲ့ Facebook Story မှာ ဗီဒီယိုလေး တင်ထားတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  သူစားချင်ပြီဆိုတာနဲ့မန္တလေးကနေတကူးတကလှမ်းပို့ပေးတဲ့ချစ်သူလေးကိုတစ်နေ့ထက်တစ်နေ့အချစ်တွေပိုနေရတဲ့ နေဒွေးရဲ့ဗီဒီယိုဖိုင်လေးပဲ  ဖြစ်ပါတယ်။  ပရိသတ်တွေလည်း  ကြည့်ရှုခံစားနိုင်အောင်  ဒီဗီဒီယိုဖိုင်လေးကို  တစ်ဆင့်  ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nay Dway’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။