ပရိသတ်ကြီးရေ အဆိုတော်ထူးအယ်လင်းကတော့ လက်ရှိမှာဆိုရင် အများအကျိုးကိုသယ်ပိုးဆောင်ရွက်နေတဲ့ ပရဟိတသမားကြီးပဲဖြစ်ပါတယ်။ထူးအယ်လင်းက အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေသလို ချစ်ရတဲ့မိသားစုလေးကိုလည်း အချိန်ပေးပြီးဂရုစိုက်တာဖြစ်ပါတယ်နော်။ထူးအယ်လင်းက အသက်ကြီးလာပေမယ့် အမြဲတမ်းနုပျိုလန်းဆန်းပြီး အသံပါဝါအားကလည်းမကျသွားသေးတာကြောင့် အနုပညာလောကမှာ အောင်မြင်ကျော်ကြားနေဆဲဖြစ်ပါတယ်။



ထူးအယ်လင်းက သမီးတစ်ယောက်၊သားနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ဖခင်တစ်ယောက်ရဲ့တာဝန်ဝတ္တရားတွေကိုလည်း လုံးဝမပျက်ကွက်အောင် ကြိုးစားလုပ်ဆောင်ပေးတာဖြစ်ပါတယ်။ထူးအယ်လင်းရဲ့ချစ်ဇနီးချောလေးကလည်း သားသမီးတွေအပေါ်မှာ အရမ်းဂရုစိုက်ပေးပြီး သာယာလှပတဲ့မိသားစုဘဝလေးဖြစ်အောင် တည်ဆောက်နေတာဖြစ်ပါတယ်။ထူးအယ်လင်းရဲ့သမီးကြီးလေးကတော့ ဆယ်ကျော်သက်အရွယ်လည်းရောက်လာပြီဖြစ်လို့ ဖေဖေနဲ့အတူ ပရဟိတအလုပ်တွေကို လုပ်ကူပေးနေပြီဖြစ်ပါတယ်နော်။



ထူးအယ်လင်းရဲ့သမီးကြီးလေးက အနုပညာကိုလည်းဝါသနာပါပြီး မွေးကတည်းကအသံပါရမီနဲ့ပြည့်စုံလာတာဖြစ်ပါတယ်။သမီးလေးက စိတ်ထားလေးလည်းဖြူစင်ပြီး ရိုးရိုးရှင်းရှင်းသာနေထိုင်တတ်သူလေးဖြစ်ပါတယ်နော်။ထူးအယ်လင်းကတော့ တဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီး လှသွေးကြွယ်လာတဲ့သမီးချောလေးကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ဖြူဖြူစင်စင်လေးနဲ့အေးချမ်းတဲ့အလှလေးကိုပိုင်ဆိုင်ထားတဲ့ ထူးအယ်လင်းသမီးလေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။



Source&Photo Credit:Htoo El Lynn's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။