ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့ ပရိသတ်တွေအားလုံးက အားကျချစ်ခင်နေကြရတဲ့ ပြည်သူ့အသည်းကျော်လေးကတော့ ကျရာဇာတ်ရုပ်တွေကိုပီပြင်ပိုင်နိုင်စွာ သရုပ်ဖော်နိုင်လွန်းတဲ့အကယ်ဒမီမင်းသမီးချော အိန္ဒြာကျော်ဇင်ပဲဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်အဖြစ်ရပ်တည်နေသလို ဖက်ရှင်ပိုင်းမှာလည်း လည်ပြန်ငေးရလောက်အောင် အချိုးအစားကျပြီး ကျော့ရှင်းစွာလှရက်လွန်းတဲ့သူမရဲ့အလှတရားတွေကို ပေါ်လွင်အောင် ဝတ်ဆင်ဖမ်းစားတတ်သူလေးလည်း ဖြစ်ပါတယ်..။

Photo Credit - Eaindar Kyaw Zin's Fb Page
Photo Credit - Eaindar Kyaw Zin's Fb Page

အနုပညာလောကမှာဆယ်စုနှစ်တွေကတည်း ရပ်တည်အောင်မြင်လာတဲ့ အိန္ဒြာကျော်ဇင်ကတော့ မင်းသားချောပြေတီဦးနဲ့အတူ သားသားမီးမီးလေးတွေ မွေးဖွားပိုင်ဆိုင်ထားကာ ကြည်နူးအားကျစရာမိသားစုဘဝလေးကို ဖြတ်သန်းနေတာလည်း တွေ့မြင်ရမှာပါနော်..။

သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေအပြင် မိသားစုပုံရိပ်လေးတွေကိုပါ ဝေမျှတတ်တဲ့ အူဝဲကတော့ အခုတစ်ခါမှာလည်း ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားလေးကိုလက်ဆောင်ပေးတဲ့ ကိုပေါက်ရဲ့လက်ဆောင်လေးကို အရမ်းတွေကြိုက်နှစ်သက်တဲ့အကြောင်းလေးကိုလည်း ဝေမျှလာပါတယ်နော်..။

Photo Credit - Eaindar Kyaw Zin's Fb Page
Photo Credit - Eaindar Kyaw Zin's Fb Page

ကိုပေါက်က သူကိုယ်တိုင်ရေးဆွဲပြီး လက်ဆောင်ပေးတဲ့ ပန်းချီကားလက်ရာလေးကို အူဝဲတစ်ယောက် အရမ်းကြိုက်နှစ်သက်သဘောကျနေကာ ကျေးဇူးတင်စကားလေးဆိုပြီး ပန်းချီကားပုံလေးကိုပါ ပရိသတ်တွေကို ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်နော်..။

ကဲ.. ဒီကနေ့လေးမှာတော့ အူဝဲတို့ရဲ့ အမှတ်တရပုံရိပ်လေးအပြင် ပန်းချီကားပုံလေးနဲ့ ကျေးဇူးတင်စကားဆိုထားတာလေးတွေကိုလည်း ပရိသတ်တွေအတွက် အမှတ်တရလေး တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Eaindar Kyaw Zin's Fb Page
Photo Credit - Aung Min Naing's Fb Page

သတင်းအရင်းမြစ်: Eaindar Kyaw Zin's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။