ပရိသတ်အကြိုက်တွေ့စေမယ့် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ဆယ်စုနှစ်တွေများစွာတိုင်အောင် ရိုက်ကူးသရုပ်ဆောင်ခဲ့သူကတော့ ဝါရင့်သရုပ်ဆောင် မင်းသမီး စိုးမြတ်နန္ဒာပဲ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိတော့ပေမယ့်လည်း ပရိသတ်တွေရဲ့ တောင်းဆိုမှုတွေကြောင့် ဇာတ်ကားတစ်ချို့ကို လက်ခံရိုက်ကူးရန် စဉ်းစားနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒါဒါတစ်ယောက် နေပြည်တော်ကို အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။



သူမရဲ့ အချိန်တိုင်းကိုလည်း ပိုးထည်ဆိုင်အလုပ်တွေနဲ့ မိသားစုကိုသာ အချိန်ပေးရင်း ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ တစ်အိမ်တည်းမှာဘဲ မိသားစုတွေ စည်းစည်းလုံးလုံး သိုက်သိုက်ဝန်းဝန်းနေထိုင်နေပြီး ပရိသတ်တွေကပါ သူတို့ညီအစ်မတွေရဲ့ ချစ်ခင်မှုတွေကို အားကျနေကြတာလည်း ဖြစ်ပါတယ်။ ဒီကနေ့ကတော့ ဒါဒါရဲ့အချစ်ရဆုံး တူမလေး ခေတ်သခင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း စိုးမြတ်နန္ဒာရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။



ဒါကတော့ ဓာတ်ပုံရိုက်ရမှာအရမ်းရှက်တတ်တဲ့တူမချောလေးကိုရှားရှားပါးပါးပုံလေးတွေနဲ့မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။ သူမကလည်း " ဒေါ်ဒေါ့် ရဲ့ အချစ်ဆုံး “ ခေတ်”
မွေးနေ့ နှစ် ပေါင်း များစွာ ပိုင်ဆိုင် နိုင်ပါစေ သမီး ရေ ❤️ “ ဆိုပြီး ရေးသားဆုတောင်းထားတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေလည်း ကြည့်လို့ရအောင် ဒါဒါနဲ့ သူမရဲ့ တူမလေးတို့နှစ်ယောက် ရိုက်ကူးထားတဲ့ အမှတ်တရပုံလေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Soe Myat Nandar’s Facebook Page



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။