ဦးဦး ဟန်ဇာမိုးဝင်းကို လူမှုကွန်ယက်ထက်မှာ ခေတ်စားနေတဲ့ စကားလေးနဲ့ ပြောမိတာကြောင့် ရိုက်တာခံလိုက်ရတဲ့ သားလေး မင်းရွှေရောင်တင်ရဲ့ အခွီ ဗီဒီယိုဖိုင်

//s9.kh1.co/0d/0d7e3bf246fcb9f98493c4de91567a8764d625b7.jpg
အနုပညာရှင်များ

 ၁၄-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာ့ဇာတ်သဘင်လောကကို ယနေ့အချိန်ထိတိုင် ထိန်းသိမ်းစောင့်ရှောက်ရင်း နေရာတစ်ခုအခိုင်အမာရရှိအောင် စွမ်းဆောင်နေကြသူတွေထဲမှာ မင်းသား တင်မောင်ဆန်းမင်းဝင်းနဲ့ ဟန်ဇာမိုးဝင်းတို့ နှစ်ယောက်ကလည်း အပါအဝင်ပါ။ ရွှေမန်းတင်မောင်ရဲ့ မြေးဖြစ်ကြသူတွေမို့ အချိုးအဆစ်ကောင်းစွာ ဇာတ်ခုံမြင့်ထက်မှာ ကပြဖျော်ဖြေလေ့ရှိကြတဲ့ သူတို့နှစ်ယောက်က ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတာပါ။ 

Photo credit - Han Zar Moe Win's FB account 
Photo credit - Han Zar Moe Win's FB account 
Photo credit - Han Zar Moe Win's FB account 
Photo credit - Han Zar Moe Win's FB account 

မာလာမြိုင်ဇာတ်ပွဲကြီးအတွက် မနားမနေကြိုးစားလုပ်ကိုင်နေကြတဲ့ သူတို့နှစ်ယောက်က သရုပ်ဆောင်လောက က ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေကိုလည်း ခေါ်ယူပြီး ကပြဖျော်ဖြေလေ့ရှိတာကို တွေ့ရပါတယ်။ တင်မောင်ဆန်းမင်းဝင်းရဲ့ သူရဲ့ သားသားလေးကိုလည်း ဇာတ်ခုံမြင့်ထက်တင်ကာ ကပြခိုင်လေ့ရှိတာဖြစ်လို့ ပရိသတ်တွေကလည်း အတော်လေး သဘောကျအချစ်ပိုတာကို တွေ့ရပါတယ်။

Photo credit - Han Zar Moe Win's FB account 
Photo credit - Han Zar Moe Win's FB account 
Photo credit - Han Zar Moe Win's FB account 
Photo credit - Han Zar Moe Win's FB account 

သားသားလေး မင်းရွှေရောင်တင်က ဖခင်ရဲ့ ဇာတ်သဘင်သွေးအပြည့်ပါတာဖြစ်ပြီး လူချစ်လူခင်လဲပေါတာပါ။ ယခုမှာဆိုရင် ဦးလေးဖြစ်သူ ဟန်ဇာမိုးဝင်းကို လူအများကြားရေပန်းစားနေတဲ့ လက်သုံးစကားလေးလည်း စနောက်နေတာဖြစ်ပြီး ပျော်စရာရှာဖွေနေတာပါ။ ကြည့်မိသူတွေ ရယ်မော ပျော်ရွှင်သွားစေလောက်တဲ့ အဆိုပါ ဗီဒီယိုလေးကို ပရိသတ်တွေထံပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

Photo credit - Han Zar Moe Win's FB account 
Photo credit - Han Zar Moe Win's FB account 
Photo credit - Han Zar Moe Win's FB account 
Photo credit - Han Zar Moe Win's FB account 

သတင်း အရင်းအမြစ် Source - Han Zar Moe Win's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T