သရုပ်ဆောင် မင်းသမီးချောလေး မယ်လိုဒီကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကိုအပြင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုပါ သိမ်းပိုက်ရရှိထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။သူမဟာ ဗီဒီဇာတ်ကားများစွာကို ရိုက်ကူးထားတာ ဖြစ်ပြီး သရုပ်ဆောင်ပိုင်းတွင် ထူးချွန်တာကြောင့်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ပါရိုက်ကူးကာ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာ ရယူထားနိုင်တဲ့ သူလေး ဖြစ်ပါတယ်။

Photo Credit - FGM
Photo Credit - FGM

မယ်လိုဒီက ဖြူဖွေးဝင်းဥတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကြောင့် ယောကျာ်းလေး ပရိသတ်တွေ သာမက မိန်းကလေးပရိသတ်တွေ ကပါ အားပေးတာကို ခံနေရတာ ဖြစ်ပါတယ်နော်…….။သူမကတော့ Single Mother တစ်ယောက်အဖြစ် ရပ်တည်နေပြီး ချစ်စရာအလွန်ကောင်းတဲ့ သားလေး တစ်ယောက်နဲ့အတူ ဘဝကို ရိုးရှင်းအေးချမ်းစွာ ဖြတ်သန်းနေထိုင်နေတာ ပဲဖြစ်ပါတယ်။

Photo Credit - Melody Myo FB Account
Photo Credit - FGM

သူမကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လေး လုပ်ကိုင်နေတဲ့ အပြင် ကိုယ်ပိုင် စီးပွားရေးလေးကိုပါ လုပ်ကိုင်နေတာလည်း တွေ့ရပါတယ်။လတ်တလောမှာတော့ သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် “ဟောင်းဟတ်ဆူ မ ရဲ့ အချစ်တွေ မင်း ယူ ကမ္ဘာကျော်ဘရန်းတွေမလိုပါ မင်း ရဲ့ အချစ်သာ လိုတာ မ တစ်ယောက်တည်းကိုသာချစ်ပါ အရှင်တစ်ပါးလို အမြဲခစားမှာပါ”ဆိုတဲ့ စာသားလေးနဲ့ အတူ ပုံရိပ်လေးတွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ကဲ….ပရိသတ်ကြီးရေ မယ်လိုဒီရဲ့ အေးချမ်းပြီး ကျက်သရေရှိတဲ့ ပုံရိပ်လေးတွေကို ကြည့်ရှု အားပေးနိုင်ဖို့ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit - FGM
Photo Credit - Melody Myo FB Account

သတင်းအရင်းမြစ်: Melody Myo FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။