Sexy မော်ဒယ်လ် စူးရှထက်ကတော့ အနုပညာလမ်းကြောင်းထက်မှာ နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်ပါ။ ပွင့်လင်းစွာပြောဆိုတဲ့ သူမရဲ့ အပြောလေးတွေကြောင့် လူချစ်လူခင်ပေါများပြီး အနုပညာလှုပ်ရှားမှုများစွာကို လုပ်ကိုင်ရတာလည်းဖြစ်ပါတယ်။ တောင့်တင်းပြီး ကောက်ကြောင်းလှတဲ့ သူမရဲ့ အချိုးအစားတွေက ပုရိသတွေကို ရင်ဖိုစေတာပါ။

Photo credit - Zar Chi's FB account 
Photo credit - Zar Chi's FB account 

ဖက်ရှင်ပိုင်းနဲ့ပတ်သတ်ရင်လည်း အပြစ်ပြောရက်စရာမရှိတဲ့ သူမရဲ့ ဝတ်စားဆင်ယင်ပုံတွေက မိန်းကလေးအချင်းကိုတောင် ကြွေစေပြန်တာပါ ။ လက်ရှိမှာလည်း သူမရဲ့ ကောက်ကြောင်းအလှကို ရိုးယဉ်စွာ ပေါ်လွင်စေတဲ့ မြန်မာဝတ်စုံလေးနဲ့ အလှတွေပိုနေပြန်ပါတယ်။ ပြစ်ချက်မရှိတဲ့ သူမရဲ့ ပုံလေးတွေက ကြည့်မိသူတွေအမြင်ကို အေးစေတာလည်းဖြစ်ပါတယ်။ 

Photo credit - Zar Chi's FB account 
Photo credit - Zar Chi's FB account 

စူးရှထက်ရဲ့ လှုပ်ရှားမှုတိုင်းက ပရိသတ်တွေကို စိတ်ဝင်စားစေတာဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း မနားမနေလုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ဆက်တိုက်ဆိုသလို ရရှိနေတဲ့ စူးရှထက်ရဲ့ မြန်မာ ဝတ်စုံလေးတွေနဲ့ အလှပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်....။ 

Photo credit - Zar Chi's FB account 
Photo credit - Zar Chi's FB account 
Photo credit - Zar Chi's FB account 

သတင်းအရင်းမြစ်: Source - Zar Chi's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။