အဆိုတော်မလေး ပိုပိုကတော့ ဆယ်စုနှစ်တွေတိုင်အောင် ဂီတလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်လျက် ရှိနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ အဆိုဘက်တွင်သာမကဘဲ သရုပ်ဆောင်ပိုင်းမှာပါ ပါရမီရှိပြီး ဗီဒီယိုဇာတ်ကားတစ်ချို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူပဲ ဖြစ်ပါတယ်။ ရင့်ကျက်တဲ့ အသက်အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် သူမရဲ့ အချစ်ရေးကိုလည်း နက်နက်နဲနဲ စဉ်းစားတတ်လာပြီပဲ ဖြစ်ပါတယ်။



ပိုပိုဟာ မကြာသေးခင်က ချစ်သူနဲ့ လမ်းခွဲပြတ်ဆဲခဲ့ပြီးနောက်ပိုင်းမှာတော့ အသည်းကွဲသီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလော ထွက်ရှိထားတဲ့ သူမရဲ့ သီချင်းအသစ်တွေဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးနားဆင်မှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ ပိုပိုဟာ သူမရဲ့ လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေ သိရအောင်အမြဲတင်ပေးလျက်ရှိပြီး မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။



ဒါကတော့ သူမဘက်ကစပြီးလမ်းခွဲပေးလိုက်တဲ့ချစ်သူလေးကိုသတိရတမ်းတကာ မျက်လုံးထဲကမျက်ရည်တွေအလိုလိုစီးကျလာတဲ့ ပိုပိုရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သူမကလည်း " Sometimes I miss you so much “ ဆိုပြီးတော့လည်း ရေးသားထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ပိုပိုရဲ့ ဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Po Po’s Facebook and Tik Tok Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။