ဒီဖြစ်ရပ်လေးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်နိုင်ငံ၊ Texas ပြည်နယ်က စားသောက်ဆိုင်တစ်ဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။ဖြစ်ပွားခဲ့ပုံကတော့ Ronin Waldroup လို့ခေါ်တဲ့ အသက် ၃ နှစ်အရွယ်ကလေးမလေးတစ်ဦးဟာ သူ့မရဲ့ မိဘနှစ်ပါးနဲ့အတူ စားသောက်ဆိုင်တစ်ဆိုင်ကိုသွားရင်းနဲ့ ခွေးတစ်ကောင်ရဲ့ တိုက်ခိုက်တာကိုခံခဲ့ရတာပဲဖြစ်ပါတယ်။

၎င်းခွေးရဲ့တိုက်ခိုက်ခံရမှုကြောင့် Waldroup လေးဟာ သွေးတွေအရမ်းထွက်ပြီး မျက်နှာတစ်ခုလုံး ရစရာမရှိအောင် စုတ်ပြတ်သွားပေမယ့် ခွေးပိုင်ရှင်ကတော့ ချက်ခြင်းခွေးကိုခေါ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ Waldroup လေးကတော့ သူရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့် ဆေးကုသမှုတွေကို ခံယူနေရပြီး သူမရဲ့မျက်နှာ ယခုမြင်တွေ့နေရတဲ့ ပုံတွေထဲကအတိုင်း လုံးဝပြန်ကောင်းလာခြင်းမရှိသေးပါဘူး။ချစ်စရာကောင်းလှတဲ့ Waldroup လေးဟာ မှန်ကိုကြည့်မိတိုင်း သူမကိုယ်သူမ ရုပ်ဆိုးတယ်လို့ ပြောနေပြီး အပြင်ထွက်ခါနီးတိုင်း သူမအမေရဲ့ မိတ်ကပ်တွေနဲ့ မျက်နှာပေါ်က အနာတွေကို ဖုံးဖို့ကြိုးစားနေပါတယ်။


သူမအမေရဲ့ ပြောကြားချက်အရဆိုရင်လည်း တစ်ရက်သူမနဲ့ယောကျာ်းဖြစ်သူ အိပ်ခန်းထဲကနေ အပြင်ထွက်လာတဲ့အချိန်မှာ Waldroup လေးရဲ့လက်ထဲမှာ မိတ်ကပ်ပြင်တဲ့ပစ္စည်းတွေ တွေ့ရပြီး သူမရဲ့မျက်နှာကို မိတ်ကပ်လိမ်းဖို့ ကြိုးစားနေခဲ့ပါတယ်။ ဒါ့ကြောင့် သမီးလေး ဘာဖြစ်လို့လဲ ၊ ဘာလို့ဒါတွေလုပ်နေတာလဲ လို့မေးလိုက်တဲ့အချိန်မှာ သူပြန်ဖြေတဲ့ အမေသမီးအရမ်းရုပ်ဆိုးတယ်ဆိုတဲ့ စကားကြောင့် အရမ်းစိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
၃ နှစ်အရွယ်ကလေးမလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်သွားစေတဲ့ ခွေးရဲ့ပိုင်ရှင်ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီးတော့ လုံးဝတာဝန်ယူမှုမရှိခဲ့ပါဘူး။



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။