မင်းသမီးဇူးဇူးမောင်ကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းကို အကောင်းဆုံးသရုပ်ဆောင်လျက်ရှိနေကာ ဗီဒီယိုဇာတ်ကားတွေများစွာအပြင် ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။များစွာသောပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကိုရယူထားနိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ယခုမှာ အနုပညာအလုပ်တွေနဲ့ဝေးကွာလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။


နိုင်ငံခြားမှာနေထိုင်လျက်ရှိနေပြီး မိသားစုလေးကို အချိန်ပေးလျက်ရှိနေတဲ့ သူမကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားသုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ကာ ချစ်စရာကောင်းတဲ့ သမီးလေး၂ယောက်ကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ချစ်သမီးလေးတွေရဲ့ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိတဲ့ သူမကတော့ ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကို မိသားစုနဲ့အတူကုန်ဆုံးလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။


သူမကတော့ ယခုမှာ ကာတွန်းကားထဲကမင်းသမီးလေးအတိုင်းချွတ်စွတ်တူအောင် ဝတ်ထားပြီး အသည်းယားစရာပုံစံလေးပြုလုပ်ပြနေတဲ့ ချစ်သမီးလေးကို ကြည့်ကာ ချစ်မဝဖြစ်နေခဲ့ပါတယ်။ အရမ်းချစ်စရာကောင်းတဲ့ ဇူးဇူးမောင်သမီးအကြီးလေးရဲ့ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဇူးဇူးမောင်သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။
Source & Video Credit-"ACC Channel By Alison , Chloe & Cho'' FB Page


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။