ပရိသတ်တွေရဲ့အချစ်တွေနဲ့ တစ်ခဲနက်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားကြတဲ့ ပြည်သူ့အသည်းကျော်အနုပညာရှင်ဆယ်လီတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံရဲ့နာမည်ကေော် Catwalk king တစ်ယောက်ဖြစ်တဲ့ Sinon Loresca ကလည်း အပါအဝင်ပါပဲ..။

Sinon ကတော့ ပွင့်လင်းရိုးသားကာ ချစ်စရာကောင်းတဲ့ပုံစံလေးတွေအပြင် အလှူအတန်းတွေမှာလည်း ရက်ရောလွန်းပြီး မွန်မြတ်တဲ့စိတ်ထားစေတနာကောင်းတွေကြောင့်လည်း မြန်မာပရိသတ်တွေက လေးစားချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Sinon Loresca's Fb Acc
Photo Credit - Sinon Loresca's Fb Acc

သူ့ရဲ့အနုပညာလှုပ်ရှားမှုလေးတွေအပြင် အလှူပုံရိပ်လေးတွေကိုလည်း အမြဲဝေမျှတတ်တဲ့ Sinon တစ်ယောက် အခုတစ်ခါမှာလည်း သူကိုယ်တိုင်အားပေးချစ်ခင်နေရတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးချောလေး ဝတ်မှုံရွှေရည်နဧ့ တွေ့ဆုံခဲ့ရလို့ ပျော်ရွှင်နေပါတယ်နော်..။

အားပေးချစ်ခင်နေရတဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးချောလေး ရွှေကစ်နဲ့ တွေ့ဆုံခဲ့ရလို့အရမ်းတွေအံ့သြပျော်ရွှင်ကာ အမှတ်တရဓာတ်ပုံလေးတွေရိုက်ကူးခဲ့ပြီး သူ့ရဲ့အပျော်လေးတွေကိုလည်း ပရိသတ်တွေကို Sinon က ဝေမျှထားပါသေးတယ်..။

Photo Credit - Sinon Loresca's Fb Acc
Photo Credit - Sinon Loresca's Fb Acc
Photo Credit - Sinon Loresca's Fb Acc

"It’s Amazing Feelings when you met one of the most inspiring actress in myanmar 🤩 🤩 🇲🇲

Ayan Chit Tal ‘’ Wutt Hmone Shwe Yi ‘’ ♥️.." ဆိုပြီး Sinon က အမှတ်တရလေးတွေကို ဝေမျှထားတာဖြစ်ပါတယ်..။

ချစ်းာကောင်းလွန်းကြလို့ အားလုံးကအချစ်ပိုသဘောကျကြရတဲ့ ဆယ်လီနှစ်ယောက်ဖြသ်တဲ့ ရွှေကစ်လးနဲ့ Sinon တို့ရဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက်ဝေမျှပေးလိုက်တာမို့ သဘောကျနေကြမယ်လို့မျှော်လင့်ပါတယ်နော်..။

Photo Credit - Sinon Loresca's Fb Acc
Photo Credit - Sinon Loresca's Fb Acc

သတင်းအရင်းမြစ်: Sinon Loresca's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။