အကယ်ဒမီမင်းသားကြီးတစ်လက်ဖြစ်တဲ့ လွင်မိုးကတော့ တစ်ခေတ်တစ်ခါကတည်းက အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းခဲ့ပြီး ဒွေး၊ကျော်ရဲအောင်၊ထက်ထက်မိုးဦး၊အိန္ဒြာကျော်ဇင်၊နန္ဒာလှိုင် စတဲ့အနုပညာရှင်တွေနဲ့ ခေတ်ပြိုင်ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်နော်။လွင်မိုးက ယောက်ျားပီသတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီး သရုပ်ဆောင်လည်းအရမ်းကောင်းတာကြောင့် တစ်ချိန်တုန်းကဆိုရင် မိန်းကလေးပရိသတ်တွေအများအပြားက တစ်ခဲနက်အားပေးကြတာဖြစ်ပါတယ်။



လွင်မိုးက အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေကိုသိပ်မလုပ်ကိုင်တော့ဘဲ စီးပွားရေးကိုသာ တစိုက်မက်မက်နဲ့လုပ်ကိုင်နေတာဖြစ်ပါတယ်။လွင်မိုးကတော့ အခုအရွယ်ထိလည်း နုပျိုခန့်ညားနေဆဲဖြစ်ပြီး သူနဲ့ချွတ်စွပ်တူတဲ့မြေးချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။လွင်မိုးက အားတဲ့အချိန်တိုင်းမှာ မြေးလေးကိုအဖော်လုပ်ပြီး အတူတူဆော့ကစားပေးတာဖြစ်ပါတယ်နော်။လွင်မိုးတို့မိသားစုလေးက နွေးနွေးထွေးထွေးနဲ့ အပြန်အလှန်ချစ်ခင်ကြင်နာကြတဲ့မိသားစုလေးဖြစ်ပါတယ်။



လွင်မိုးတို့ဇနီးမောင်နှံနှစ်ယောက်လုံးက အရမ်းချောကြလို့ ယွန်းဝတီလွင်မိုးတို့ညီအစ်မကလည်း အရမ်းလှကြပါတယ်နော်။အခုဆိုရင်တော့ ယွန်းဝတီလွင်မိုးက ဖေဖေ့ရဲ့ငယ်ဘဝပုံလေးတွေကိုကြည့်ပြီး ပြန်လည်သတိရနေတာဖြစ်ပါတယ်။လွင်မိုးကလည်း ချောမောခန့်ညားတဲ့ရူပါကြောင့် အရမ်းရေပန်းစားတဲ့မင်းသားတစ်လက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ယနေ့အချိန်ထိတိုင် ငယ်ရုပ်မပျောက်ဘဲ ခန့်ညားနေဆဲဖြစ်တဲ့ လွင်မိုးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။



Photo Credit:May Thu's Facebook Account
Source:Yun Waddy Lwin Moe's Facebook page myday
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။