အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာအောင်မြင်မှုတွေ ရရှိနေသူကတော့ အလှမယ် မော်ဒယ်လ် ရွှေအိမ်စည်ပဲ ဖြစ်ပါတယ်။ သူမကတော့ မော်ဒယ်လ်အနေဲ့ အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းရုံသာမကပဲ ရုပ်ရှင်ဇာတ်ကားကြီးကိုပါ ရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း တွေ့ရပါတယ်။ သရုပ်ဆောင်ကောင်းလွန်းတဲ့ သူမရဲ့ အိုက်တင်တွေက တကယ့်ကို မှ အံ့မခမ်းပါပဲ။


ဒါ့အပြင် အချိုးအစားကျနလှပတဲ့ သူမရဲ့ ခန္ဓာကိုယ်လေးဟာလည်း မိန်းကလေးချင်းတောင် ကြွေချင်ရလောက်အောင် မိုက်လွန်းနေတာပါ။ သူမရဲ့တိကျပြတ်သားတဲ့စကားပြောပုံတွေနဲ့ ရဲရင့်တဲ့ စိတ်ဓာတ်လေးတွေကြောင့်လည်းပရိသတ်တွေရဲ့ အချစ်တွေပိုပြီးရနေတာလည်း ဖြစ်ပါတယ်။ အိမ်စည်ကတော့လတ်တလောမှာလည်းအနုပညာအလုပ်တွေကိုလည်း ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပါ။


အားလပ်တဲ့အချိန်တွေမှာလည်း ကိုယ်လက်လှုပ်ရှားအားကစားတွေကို အဆက်မပြတ် ဆော့ကစားလေ့ရှိတဲ့ သူမက ယခုမှာတော့ မြင်းစီးလေ့ကျင့်နေခဲ့ပါတယ်။ အမိုက်စား မြင်းကြီးထက်မှာ အထာကျကျ စီးရင်း လေ့ကျင့်နေခဲ့တဲ့ ရွှေအိမ်စည်ရဲ့ မြင်ကွင်းက တကယ်ကို မိုက်လွန်းတာလည်း ဖြစ်ပါတယ်။ မြင်းစီးပြီးတဲ့အချိန်မှာ မြင်းကို ကိုယ်တိုင် အစာကျွေးနေခဲ့ပြီး လက်ကို လာနမ်းတာကြောင့် ကြောက်ပြီး ထခုန်လိုက်တဲ့ အဆိုပါ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်...... ။

သတင်းအရင်းမြစ်: Source - Shwe Eain Si's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။