ပရိသတ်အချစ်တော် မင်းသားကြီးဖြစ်တဲ့နေထက်လင်းကတော့ အခုချိန်အထိ ကျန်းမာနုပျိုပြီး အရွယ်တင်နေဆဲ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါကတည်းက လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ နေထက်လင်းက ချောမောခန့်ညားတဲ့ရုပ်ရည်အပြင် ယောက်ျားပီသတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။ နေထက်လင်းက အက်ရှင်ဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်တတ်တာကြောင့်လည်း ပရိသတ်တွေက သူ့ကိုသဘောကျနှစ်သက်ကြတာ ဖြစ်ပါတယ် ။

Photo Credit-Nay Htet Lin's FB Page
Photo Credit-Nay Htet Lin's FB Page
Photo Credit-Nay Htet Lin's FB Page
Photo Credit-Nay Htet Lin's FB Page

နေထက်လင်းက ချစ်ရတဲ့ဇနီးချောလေးနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သားနှစ်ယောက်တိတိ ပိုင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ လတ်တလောမှာဆိုရင် နေထက်လင်းက သူ့ရဲ့မိသားစုလေးနဲ့အတူ Live Sale တွေရောင်းချနေတာပဲ ဖြစ်ပါတယ် ။ အိမ်ထောင်ဦးစီးကောင်းပီသတဲ့ နေထက်လင်းက ချစ်ဇနီးနဲ့သားလေးတွေအပေါ်မှာ တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ နေထက်လင်းတို့ဇနီးမောင်နှံက အိမ်ထောင်သက်တမ်း (၂၅)နှစ်တိတိ ပြည့်သွားခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Nay Htet Lin's FB Page
Photo Credit-Nay Htet Lin's FB Page
Photo Credit-Nay Htet Lin's FB Page
Photo Credit-Nay Htet Lin's FB Page

ဒါကြောင့် နေထက်လင်းက "ကျွန်တော်တို့ဇနီးမောင်နှံ အိမ်ထောင်သက် (၂၅)နှစ်ပြည့်သွားပါပြီ 25th anniversarys ထိတိုင်ရောက်ခဲ့ပါပြီ" ဆိုပြီး အမှတ်တရပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။ နေထက်လင်းတို့ဇနီးမောင်နှံက သားနှစ်ယောက်ရတဲ့အထိ အချစ်တွေတစ်စက်လေးမှမလျော့ဘဲ လက်တွဲတွေခိုင်မြဲနေကြတာ ဖြစ်ပါတယ် ။အခုလည်း နေထက်လင်းက မင်းသားစမလုပ်ခင်အချိန်တုန်းက ပုံလေးတွေကိုလည်းတင်ပေးထားသေးတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် နေထက်လင်းတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Nay Htet Lin's FB Page

Photo Credit-Nay Htet Lin's FB Page
Photo Credit-Nay Htet Lin's FB Page
Photo Credit-Nay Htet Lin's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။