ပရိသတ်ကြီးရေ ဝါရင့်မင်းသမီး နန္ဒာလှိုင်ရဲ့ မောင်လေးဖြစ်တဲ့ သရုပ်ဆောင်မောင်ကို အားလုံးသိကြမယ်ထင်ပါတယ်။ မောင် ကတော့ ဗီဒီယို ဇာတ်ကားတော်တော်များများကို ရိုက်ကူးထားပြီး အနုပညာနယ်ပယ်မှာ ရပ်တည်ထားနိုင်ခဲ့သူပဲ ဖြစ်ပါတယ်။ မောင်က အနုပညာနယ်ပယ်မှာသာမက ပညာရေးပိုင်းမှာလည်း ထူးချွန်ပြီး ပြည်သူတွေအလေးထားရတဲ့ ဆရာဝန်တစ်ယောက်ပဲ ဖြစ်ပါတယ်။


မောင်က သရုပ်ဆောင် ရီရီပွင့်ဖြူ နဲ့လည်း ကာလရှည်တွဲလာတဲ့ ချစ်သူတွေဖြစ်ပြီး ပရိသတ်တွေက အားကျနေရတာဖြစ်ပါတယ်။ ဒါ့အပြင် မောင်က ပျော်ပျော်ပါးပါး နေတတ်တာကြောင့် ချစ်တဲ့သူတွေပေါများပြီး ယောက်ဖဖြစ်သူရဲ့ မကြာခဏဆေးထိုး စနောက်တာတွေကိုလည်း ခံရတတ်တာ တွေ့ရပါတယ်။ ယခုလည်း နန္ဒာလှိုင် ရဲ့ ခင်ပွန်းသည် က ယောက်ဖဖြစ်သူကို ဆေးထိုးထားတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။


ဒီပုံလေးတွေကတော့ ဆရာဝန်များ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲမှာ ကျေးဇူးတင်စကားပြောနေတဲ့ပုံကို ပရိသတ်တစ်ယောက်က မြောက်ကိုရီးသမ္မတ နဲ့တူတယ်လို့ ပြောထားတာကို ယောက်ဖဖြစ်သူက Screenshot ရိုက်ပြီး စနောက်ဆေးထိုးထားတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ယောက်ဖဖြစ်သူ ဇေသီဟက " မျောက်ကိုကြီးကားယား သမ္မတ ကင်ကြုံကန် ပါ။ ကင်ပြီး ကြုံရင် ကန်ထုတ်တော့တာပဲ.." ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ..ပရိသတ်ကြီးရေ ယောက်ဖဖြစ်သူရဲ့ ဆေးထိုးစနောက်တာကို ခံလိုက်ရတဲ့ မောင်ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Source - Zay Thiha fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။