ရင်ထဲထိမိစေတဲ့ ဒိုင်ယာလော့တွေနဲ့ ခံစားချက်အပြည့်ထည့်ကာ အပီအပြင်ကို သရုပ်ဆောင်ထားတဲ့ မြတ်နိုးအေးရဲ့ Tik Tok ဗီဒီယို

//s9.kh1.co/16/163cfb6786998566b435e43961206c64255b980c.jpg
အနုပညာရှင်များ

 ၁၄-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး တစ်ဦး ဖြစ်တဲ့ မြတ်နိုးအေး ကတော့ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ သရုပ်ဆောင်ပိုင်းတွင် ထူးချွန်တာကြောင့် အချိန်တိုတွင်းမှာ အောင်မြင်မှုတွေ များစွာကို ရယူသိမ်းပိုက်ထားနိုင်တဲ့ မင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်။သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးအောင်မြင်လာကာ “သူစိမ်းအိမ်”ဇာတ်ကားထဲတွင် ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် လူသိပိုများလာပြီး ပိုမိုအောင်မြင်လာတာ ဖြစ်ပါတယ်။

Photo Credit-Myat Noe Aye FB Account
Photo Credit-Myat Noe Aye FB Account
Photo Credit -SHANE Photography
Photo Credit -SHANE Photography

မြတ်နိုးအေးဟာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပြီး ကြော်ငြာတွေနဲ့ Photo Shooting တွေကို လက်ခံရိုက်ကူးနေတာ ဖြစ်ပါတယ်။သူမရဲ့ အနုပညာ လှုပ်ရှားမှု ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် အမြဲ မျှဝေလေ့ရှိသူလေး လည်း ဖြစ်ပါတယ်။အားလပ်ချိန်လေးတွေမှာလည်း Tik Tok ဗီဒီယိုလေးတွေကို ဆော့ကစားတာလည်း ဝါသနာ ပါသူလေး ဖြစ်ပြီး ပရိသတ်တွေ အတွက် ချစ်စရာကောင်းပြီး အသစ်အဆန်းလေးတွေကို ဖော်ပြပေးတာ လည်းတွေ့ရပါတယ်။

Photo Credit-Myat Noe Aye FB Account
Photo Credit-Myat Noe Aye FB Account
Photo Credit-Myat Noe Aye FB Account
Photo Credit-Myat Noe Aye FB Account

အခုတစ်ခါမှာတော့ ပရိသတ်တွေ အလွမ်းပြေအောင်နဲ့ သူမဝါသနာပါတဲ့ Tik Tok ဗီဒီယိုလေး ဆော့ကစားကာ ပရိသတ်တွေ ကြည့်ရှုအားပေးနိုင်ရန် မျှဝေပေးလာတာ ဖြစ်ပါတယ်။သူမရဲ့ဗီဒီယိုလေးကတော့ မြူးမြူးကြွကြွ ကတာလေး မဟုတ်ပဲ ဆန်းသစ်တဲ့ dialogues တွေကို ခံစားမှု အပြည့်နဲ့ သရုပ်ဆောင် ထားတာလေးကို ပရိသတ်တွေ နှစ်ခြိုက်ကြမှာမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -SHANE Photography
Photo Credit -SHANE Photography

သတင်း အရင်းအမြစ်Myat Noe Aye Tik Tok Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T