ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားတဲ့ ဆယ်လီစုံတွဲလေးဖြစ်သလို အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းရပ်တည်နေသူကတော့ အဆိုတော်အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်..။
အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြသလို အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းလွန်းတဲ့ သမီးချောလေးကိုလည်း မွေးဖွားပိုင်ဆိုင်ထားကာ ကြည်နူးအားကျစရာမိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေကြတာလည်း ဖြစ်ပါတယ်..။


တစ်ယောက်ကိုတစ်ယောက် မြတ်နိုးကြင်နာတတ်တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကြောင့် အားလုံးကအားကျချစ်ခင်နေကြရတဲ့ သူတို့စုံတွဲလေးကတော့ အခုတစ်ခါမှာလည်း ကြည်နူးပျော်ရွှင်စရာဗီဒီယိုဖိုင်လေးနဲ့အတူ ပရိသတ်တွေကို သဘောကျစေပြန်ပါတယ်နော်..။
အာဘွိုင်းရဲ့မွေးနေ့ရက်လေးမှာ မိသားစုတွေနဲ့အတူ မွေးနေ့ရောက်ရောက်ချင်း ၁၂နာရီတိတိလေးမှာ ကိတ်ခွဲကာ Surprise လေး လုပ်ပေးခဲ့တာဖြစ်ပြီး ပျော်စရာဗီဒီယိုဖိုင်လေးကိုတော့ မြတ်ရတနာကျော်က ဝေမျှထားတာပါ..။


ဗီဒီယိုဖိုင်လေးထဲမှာတော့ မွေးနေ့ကိတ်အတူခဧွနေကြတဲ့ အာဘွိုင်းနဲ့ Scarlett လေးတို့ သားအဖအပြင် မေမေမြတ်ရတနာကျော်ကိုလည်း မြင်တွေ့ရမှာဖြစ်ပြီး သူမတို့မိသားစုလေးပျော်ရွှင်နေတာလေးကိုလည်း ပရိသတ်တွေသဘောကျစွာ မြင်တွေ့ရမှာပါ..။
ကဲ.. ဒီကနေ့လေးမှာတော့ မွေးနေ့လေးကို အိမ်မှာပဲ မိသားစုတွေနဲ့ပျော်ပျော်ရွှင်ရွှင် ကျင်းပပြုလုပ်ခဲ့တဲ့ အာဘွိုင်းရဲ့ မွေးနေ့ဖြတ်သန်းပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို အားလုံးအတွက် ဝေမျှတင်ဆက်ပေးလိုက်ပါတယ်နော်..။


သတင်းအရင်းမြစ်: Myat Yadanar Kyaw's Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။