အစာမစားပဲ ဆယ်နှစ်လောက်ထိ နေနိုင်တယ်လို့ ပြောကြတဲ့ လူငါး

//s9.kh1.co/dc/dcc9aac36b91e14292cf8e7ff4fba3ec5ca55975.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လူငါးလို့ပြောလိုက်တာနဲ့ ထူးထူးဆန်းဆန်း ငါးမျိုးစိတ်တစ်ခုလို့ တွေးမြင်နိုင်ပေမယ့် ဒါဟာ ရေပုတ်သင်ကို နောက်ထပ်နာမည်တစ်မျိုးနဲ့တင်စားခေါ်ဝေါ်ကြတာပဲဖြစ်ပါတယ်။၎င်းလူငါး (ရေပုတ်သင်) တွေဟာ အခြားသောငါးတွေနဲ့ မတူပဲ လူတစ်ယောက်ရဲ့ကဲ့သလို ခြေနှစ်ချောင်းပါရှိတဲ့အပြင် သူတို့ရဲ့ဘ၀ စက်ဝန်းကလည်း ရှည်လျားလှပါတယ်။

photo from google
photo from google
photo from google
photo from google

ရေပုတ်သင်တွေဟာ အနံ့ခံအရမ်းကောင်းတဲ့ ငါးမျိုးစိတ်တစ်ခုဖြစ်ပြီး သူတို့ရဲ့နှာခေါင်းတွေဟာ ရေထဲက အားပျော့တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကို စူးစမ်းသိရှိနိုင်ပါတယ်။ ရေပုတ်သင်တွေဟာ ရေထဲမှာသွားလာဖို့အတွက် အမြှီးတစ်ချောင်းနဲ့ ပါးဟပ်ပါရှိပါတယ်။ ရေပုတ်သင်တွေဟာ ကုန်းနေ၊ ရေနေ သတ္တဝါဖြစ်ပြီး များသောအားဖြင့် ရေထဲမှာအနေများပါတယ်။ သူတို့မှာ မျက်လုံးနှစ်လုံးပါရှိပေမယ့်လည်း မျက်လုံးတွေဟာအလုပ်မလုပ်ပါဘူး ၊ အနံ့ခံပြီးသာ သွားလာလှုပ်ရှားကြတာဖြစ်ပါတယ်။

photo from google
photo from google
photo from google
photo from google

ရေပုတ်သင်တွေဟာ ဥကနေပေါက်ဖွားကြတဲ့ သတ္တဝါတွေဖြစ်ပြီး သူတို့ရဲ့ လိင်အင်္ဂါတွေက ဆယ်ကျော်သက်အရွယ်လောက် ရောက်မှ နိုးထကြပါတယ်။ နောက်ထပ် ထူးခြားတဲ့အချက်တစ်ချက်ကတော့ ရေပုတ်သင်တွေဟာ အစာတစ်ခါစားပြီးတိုင်း နှစ်အတော်ကြာတဲ့အထိနေနိုင်ကြပြီး စမ်းသပ်ချက်များအရ ၁၀ နှစ်လောက်ထိ အစာမစားဘဲနေနိုင်တယ်လို့ သိရပါတယ်။ဒါဟာ ပုံမှန်မဟုတ်တဲ့ ထူးခြားချက်တစ်ခုဖြစ်ပြီး သူတို့နေနိုင်တဲ့ သတ္တဝါက မရှိသလောက်ပါပဲ။

photo from google
photo from google
photo from google<br>
photo from google

သတင်း အရင်းအမြစ်Sixth Sense

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T