အဆိုတော်အာဘွိုင်းကတော့ လက်ရှိမှာဆိုရင် သီချင်းလေးတွေပြန်ဆိုပြီး MVတွေမှာလည်းပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။အာဘွိုင်းက ချစ်ဇနီးချောလေးနဲ့အတူ "ကျေးကျွန်"ဆိုတဲ့သီချင်းလေးမှာလည်း လိုက်ဖက်ညီစွာနဲ့ပါဝင်သရုပ်ဆောင်ထားသေးတာဖြစ်ပါတယ်။မြတ်ရတနာကျော်ကလည်း ဟိုးအရင်ကတည်းက MVတွေမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့အတွေ့အကြုံရှိလို့ ဒီတစ်ခါမှာလည်းပရိသတ်တွေရဲ့အချစ်ကို ဖမ်းစားလိုက်နိုင်တာဖြစ်ပါတယ်နော်။



အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ဇနီးမောင်နှံနှစ်ယောက်က အေးအတူပူအမျှနဲ့ချစ်ခင်ကြင်နာကြပြီး သမီးလေးတစ်ယောက်လည်း ထွန်းကားထားတာဖြစ်ပါတယ်။Scarlettလေးကတော့ အခုအရွယ်လေးနဲ့တင် ပရိသတ်များစွာကိုပိုင်ဆိုင်ထားပြီး ဖေဖေနဲ့တောင် "အငွေ့အသက်များ"ဆိုတဲ့သီချင်းလေးမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။အာဘွိုင်းတို့မိသားစုလေးကတော့ နွေးနွေးထွေးထွေးနဲ့ချစ်ဖို့ကောင်းတာကြောင့် အားကျစရာမိသားစုလေးပဲဖြစ်ပါတယ်နော်။


အာဘွိုင်းက အခုဆိုရင် (၃၅)နှစ်ပြည့်သွားပြီဖြစ်လို့ သူ့ရဲ့ချစ်ဇနီးချောလေးက မွေးနေ့ပွဲလေးကို Surpriseအနေနဲ့စီစဉ်ပေးတဲ့အပြင် တန်ဖိုးကြီးလက်ဆောင်လေးလည်းပေးတာဖြစ်ပါတယ်။မြတ်ရတနာကျော်က ဖိနပ်တွေကို စုဆောင်းရတာအရမ်းကြိုက်နှစ်သက်တဲ့ ချစ်ခင်ပွန်းအတွက် သိန်းဆယ်ချီတန်တဲ့ LVဖိနပ်ကြီးကို အမှတ်တရအနေနဲ့ ဝယ်ပေးလိုက်တာဖြစ်ပါတယ်။အာဘွိုင်းကလည်း ချစ်ဇနီးလေးရဲ့ဂရုစိုက်မှုကြောင့် လိုချင်တာလေးရပြီး အရမ်းပျော်ရွှင်နေတာဖြစ်ပါတယ်နော်။



Source&Photo Credit:Myat Yadanar Kyaw's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။