ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီ ခိုင်သင်းကြည်ကို တော့ အားလုံးသိကြမယ်ထင်ပါတယ်။ ဘယ်ဇာတ်ရုပ်လာလာ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင် အရည်အချင်းတွေကြောင့် ဆယ်စု နှစ်မကအောင် မြင်ခဲ့ပြီး ယခုအချိန်ထိ တိုင်အောင် အောင်မြင်ကျော်ကြား လူကြိုက်များနေတာ ပဲဖြစ်ပါတယ်။ ဗီဒီယို သရုပ်ဆောင်မင်းသမီး တစ်ဦး အနေနဲ့ အနုပညာလောပက ထဲစတင် ရောက်ရှိလာတဲ့ မခိုင်လေးကတော့ ယခုအချိန်မှာ လည်း ပရိသတ်တွေ အားပေးမှုကို အခိုင်အမာရရှိထားကာ အနုပညာအလုပ်တွေကို အဆက်မပျက် လုပ်ဆောင်နေတာ ပဲဖြစ်ပါတယ်။


မခိုင်လေး ဟာဆိုရင်ဖြင့် သူမပေါ် ကြင်နာယုယ တဲ့ ခင်ပွန်းသယ်ကို ရရှိပိုင်ဆိုင်ထားရုံသာမက ချစ်စရာကောင်းပြီး မိဘတွေ အပေါ်သိတက်တဲ့ သမီးလေး စံထိပ်ထားဦး လေးကို လည်းမွေးဖွားထားတာဖြစ်ပါတယ်။ ကလေးအမေတစ်ယောက်ပင်ဖြစ်သော်လည်း အရွယ်တင်နုပျိုပြီး လှပနေတာ ကြောင့် ပုရိသတွေက ယနေ့ အချိန်ထိ ချစ်ခင်အားပေးနေကြတာ ပဲဖြစ်ပါတယ်။ မကြာခနဆိုသလိုလည်း သမီးလေး စံထိပ်ထား ဦး နဲ့ အတူတွဲရိုက်ထားတဲ့ ပုံလေးတွေကို ကိုချပြကာ သူတို့ရဲ့ပုံလေးတွေကို ကြည့်ရင်း ရွယ်တူလား လို့ ထင်ရလောက်အောင် နုပျိုမှုကို ပိုင်ဆိုင်ထားတဲ့ သူတစ်ဦး လည်း ဖြစ်ပါတယ်။


ယခုအခါမှာလည်းသမီးလေး စံထိပ်ထားဦး နဲ့ အတူ တွဲရိုက်ထားတဲ့ TikTok ဟာသ ဗီဒီယိုလေးကို ချပြလာတာ ပဲဖြစ်ပါတယ်။ သမီးနဲ့ အတူ ကဲနေရင်း သီချင်းလေးနဲ့ လိုက်ဖက်အောင် စည်းချက်ညီညီ ဆော့ ကစားထားတာ ပဲဖြစ်ပါတယ်။ ဒီ ဗီဒီယိုလေးထဲမှာ မခိုင်လေး တစ်ယောက် အရမ်းကို ပျော်ရွှင်နေတာ ပဲဖြစ်ပါတယ်။ မခိုင်လေးတို့ သားမိရဲ့ ဟာသ ဗီဒီယိုလေးကို ကြည့်ပြီး ပရိသတ်တွေ ကလည်း ရယ်မော ပျော်ရွှင်စေမှာတော့ အမှန်ပဲဖြစ်ပါတယ်။ ကဲ…ပရိသတ်ကြီး တို့ကလည်း မခိုင်လေးရဲ့ ဟာသ TikTok ဗီဒီယိုလေးကို ကြည့်ပြီး ပျော်ရွှင်ရယ်မော လိုက်ကြပါဦးနော်…။


သတင်းအရင်းမြစ်: Khine Thin Kyi Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။