ပရိသတ်‌တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ထိပ်တန်းမင်းသားချောနေတိုးကတော့ စိတ်ထားပြည့်ဝပြီး ပရိသတ်တွေအပေါ်လေးစားချစ်ခင်တတ်သူပဲဖြစ်ပါတယ်နော်.....။ သရုပ်ဆောင်ကောင်းရုံတင်မကဘဲ အဆိုပိုင်းမှာရော လူရွှင်တော်အဖြစ်ရော ထူးချွန်ပြီး special makeup effectsအပိုင်းမှာလည်း ကျွမ်းကျင်သလို အခြားအနုပညာပိုင်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်ဖန်တီးနိုင်တာတွေကြောင့် စွယ်စုံရမင်းသားတစ်ဦးအဖြစ် ပရိသတ်တွေက အသိအမှတ်ပြု ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။

Photo credit-​ Nay Toe's Facebook page
Photo credit-​ Nay Toe's Facebook page

မင်းသားချောနေတိုးဟာ ကျရာဇာတ်ရုပ်တိုင်းကို အပီအပြင်သရုပ်ဆောင်နိုင်တာလည်းဖြစ်သလို အကယ်ဒမီထူးချွန်ဆုကြီးတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ နေတိုးဟာနှင်းဆီအဖွဲ့သားတစ်ယောက်အနေနဲ့လည်း ရပ်တည်နေခဲ့တာဖြစ်ပြီး ပရိသတ်တွေအတွက် မရိုးရတဲ့အစီအစဉ်အသစ်တွေကို ကြိုးစားဖန်တီးနေတာလည်းဖြစ်ပါတယ်နော်.....။

Photo credit-​ Nay Toe's Facebook page
Photo credit-​ Nay Toe's Facebook page

ကိုနေတိုးဟာအခုဆိုရင်လည်း ပွဲအခမ်းအနားတစ်ခုကိုတက်ရောက်ခဲ့တာဖြစ်ပြီး ဆံပင်အရှည်လေးကိုစည်းထားကာ စမတ်ကျကျလှနေတဲ့ပုံလေးတွေကို သူ့ရဲ့ Facebookစာမျက်နှာမှာ "ဟို​နေ့က သီချင်း​တွေဆိုပြီးက​ပြသွားတဲ့ လူကြီးပုံတွေ...." ဆိုတဲ့ captionလေးနဲ့အတူ တင်ပေးလာခဲ့တာဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Nay Toe's Facebook page
Photo credit-​ Nay Toe's Facebook page

သတင်းအရင်းမြစ်: Nay Toe's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။