ဟာသလူရွှင်တော်တစ်ယောက်ဖြစ်တဲ့ ကြာစိကတော့ အေးချမ်းသာယာတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်တဲ့အပြင် ချစ်စရာကောင်းလွန်းတဲ့သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေလုပ်ကိုင်ပြီး အားလပ်တဲ့အချိန်လေးတွေမှာ မိသားစုကိုကြင်နာဂရုစိုက်လျက်ရှိနေတဲ့ ကြာစိကတော့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။
ကြာစိကတော့ 5starsအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး 5starsအဖွဲ့လေးကိုတော့ အောင်သော်၊အောင်မော်၊မျောက်ရှုံး၊ကျင်ဝှက်၊ကြာစိတို့နဲ့ ဖွဲ့စည်းထားခဲ့တာပဲဖြစ်ပြီး အချိန်အတော်ကြာလက်တွဲညီနေကြတဲ့ ပြည်သူချစ်လူရွှင်တော်အဖွဲ့အစည်းလေးပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ပြီး ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ ကြာစိတစ်ယောက်ကတော့ ယခုမှာ 5starsမင်းသမီးနဲ့အတူ ရယ်မောစရာကောင်းတဲ့ အခွီTiktokလေးကို ဆော့ကစားလာခဲ့ပါတယ်။
ကြာစိကတော့ ယခုမှာ သူ့ကိုလက်ညှိုးထိုးပြီး တောသားလို့အားရပါးရပြောဆိုနေတဲ့အငြိမ့်မင်းသမီးကို ပါးစပ်အဟောင်းသားနဲ့ကြောင်တောင်တောင်လေးထိုင်ကြည့်နေတဲ့ အခွီTitokလေးကို ချပြလာခဲ့ပါတယ်။ ရယ်မောစရာကောင်းလွန်းတဲ့ အဆိုပါTiktokလေးဟာ ကြည့်မိသူတိုင်းကို ပြုံးပျော်ရွှင်စေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ကြာစိတို့ရဲ့ ရယ်မောစရာကောင်းလွန်းတဲ့ အခွီTiktokလေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။
Source : war war ' s tiktok acc