ကိုယ်ဝန်အရင့်အမာလွယ်ထားတဲ့သူမကို ကိုဗစ်ကာလမှာ ဆေးခန်းမှန်မှန်လိုက်ပြပြီး ဂရုစိုက်ပေးတဲ့ခင်ပွန်းကြောင့် စိတ်ချမ်းသာနေတဲ့ နန်းမြတ်ဖြိုးသင်း

//s9.kh1.co/7a/7af827179f458326978bbd5ff5535a2296ee86c6.jpg
အနုပညာရှင်များ

 ၁၄-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

ကိုယ်ဝန်အရင့်အမာလွယ်ထားတဲ့သူမကို ကိုဗစ်ကာလမှာ ဆေးခန်းမှန်မှန်လိုက်ပြပြီး ဂရုစိုက်ပေးတဲ့ခင်ပွန်းကြောင့် စိတ်ချမ်းသာနေတဲ့ နန်းမြတ်ဖြိုးသင်း

မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ ချစ်ရတဲ့ခင်ပွန်း၊သားလေးတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ကိုယ်ပိုင်ဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ် ။ နန်းမြတ်ဖြိုးသင်းက ဇာတ်ကားတွေရိုက်ကူးခဲ့သလို တေးသီချင်းတွေလည်း သီဆိုပြီး အနုပညာအလုပ်တွေကို နှစ်အတော်ကြာအောင် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ မကြာခင်မှာတော့ နန်းမြတ်ဖြိုးသင်းက ကလေးတစ်ယောက်မေမေ ဘဝကနေ ကလေးနှစ်ယောက်မိခင်ဘဝကို ရောက်ရှိတော့မှာပဲ ဖြစ်ပါတယ် ။

Photo Credit-Nann Myat Phyo Thinn's FB Page

ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့ နန်းမြတ်ဖြိုးသင်းက ကျန်းမာရေးကိုဂရုစိုက်ပြီး နေထိုင်နေရတာပဲဖြစ်ပါတယ် ။ နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်းသည်ကလည်း သူမကို အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက်ချစ်ပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း ကိုယ်ဝန်အရင့်အမာလွယ်ထားရတဲ့ နန်းမြတ်ဖြိုးသင်းကို သူမရဲ့ချစ်ခင်ပွန်းက ဆေးခန်းအထိ ကိုယ်တိုင်လိုက်ပို့ပေးပြီး ဘေးကနေ အစစအရာရာ လိုလေသေးမရှိ စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page

နန်းမြတ်ဖြိုးသင်းရဲ့ကိုယ်ဝန်ကတော့ (၃၄) ပတ်တောင်ရှိနေပြီဖြစ်တာကြောင့် မကြာခင်မှာပဲ သမီးလေးကို မွေးဖွားရတော့မှာ ဖြစ်ပါတယ် ။ ကိုယ်ဝန်ဆောင်ချိန်မှာတောင် အသားအရေလေးတွေကအစ ကြည်လင်ဝင်းပပြီး နုဖတ်လှပနေတဲ့ နန်းမြတ်ဖြိုးသင်းကတော့ အရမ်းချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းတို့စုံတွဲရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Nann Myat Phyo Thinn's FB Page

Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T