ချစ်သူလေးကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်အချစ်ပိုတတ်တဲ့အပြင် ညတိုင်း ဘုရားရှိခိုးဖို့ပါ သတိပေးပြောလာတဲ့ ဖြူဖြူကျော်သိန်း

//s9.kh1.co/5d/5de1dc81d9122815eec51539e55dd0aae21a288b.jpg
အနုပညာရှင်များ

 ၁၄-ဇန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာ ဖြူဖြူကျော်သိန်းက ထိပ်ဆုံးနေရာကနေ ရပ်တည်ထားနိုင်သူပါ။ နှစ်ပေါင်းများစွာတိုင် ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်တဲ့ ဖြူဖြူကျော်သိန်းက အဆိုကောင်းရုံသာမကပဲ ဖက်ရှင်ပိုင်းမှာလည်း ဆွဲဆောင်မှုရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်ကိုယ်တော် အယ်လ်ဘမ်တွေများစွာထွက်ရှိအောင်မြင်ထားတဲ့ ဖြူဖြူကျော်သိန်းက ယခုမှာလည်း အသစ်အသစ်သော အနုပညာဖန်တီးမှုတွေကို ကြိုးစားလုပ်ကိုင်နေတာပါ။

Photo credit - Phyu Phyu Kyaw Thein's Fb Account
Photo credit - Phyu Phyu Kyaw Thein's Fb Account
Photo credit - Phyu Phyu Kyaw Thein's Fb Account
Photo credit - Phyu Phyu Kyaw Thein's Fb Account

အနုပညာလောကမှာလည်း ဒိတ်ဒိတ်ကြဲ သူတစ်ယောက်ဖြစ်သလို ပညာရေးနဲ့ ပတ်သတ်ရင်လည်း ထူးချွန်သူမို့ ဆရာဝန်တစ်ယောက်လည်း ဖြစ်ပါတယ်။ အကောင်းတွေကိုပဲ ပိုင်ဆိုင်ထားတဲ့ ဖြူဖြူက အချစ်ရေးနဲ့ပတ်သတ်လို့ အပြစ်ပြောစရာမရှိလောက်အောင် ပြည့်စုံတဲ့ အချစ်ရေးလေးကို တည်ဆောက်ထားတာကို တွေ့ရပါတယ်။ အမြဲ လူမှုကွန်ယက်ထက်မှာ နှစ်ယောက်အတူ စုံတွဲပုံလေးတွေကို ဝေမျှလေ့ရှိတဲ့ ဖြူဖြူကျော်သိန်းက ယခုမှာလည်း ပိုစ့်တစ်ခုတင်ပေးလာပြန်ပါတယ်။

Photo credit - Phyu Phyu Kyaw Thein's Fb Account
Photo credit - Phyu Phyu Kyaw Thein's Fb Account
Photo credit - Phyu Phyu Kyaw Thein's Fb Account
Photo credit - Phyu Phyu Kyaw Thein's Fb Account

ဒါကတော့ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ တစ်ကိုယ်တော် အလှပုံလေးတွေကို တင်ပေးလာရင်း " ကောင်းသောညပါ ချစ်သူ စာဖတ်ပြီးမှအိပ်နော် (ဘုရားစာပြောတာ...) " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားလာတာပါ။ ချစ်သူလေးအတွက် ဗဟုသုတရအောင် စာဖတ်ခိုင်းပြီးကာမှ စနောက်ကာ ဘုရားစာလို့ပြောလာတာကြောင့် အရမ်းကို Romantic ဆန်နေကြတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။

Photo credit - Phyu Phyu Kyaw Thein's Fb Account
Photo credit - Phyu Phyu Kyaw Thein's Fb Account
Photo credit - Phyu Phyu Kyaw Thein's Fb Account
Photo credit - Phyu Phyu Kyaw Thein's Fb Account

သတင်း အရင်းအမြစ်Source - Phyu Phyu Kyaw Thein's Fb Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T