တက်သစ်စ မင်းသားတွေထဲမှာ ခြေလှမ်းသွက်သွက်နဲ့ နေရာတစ်နေရာအရယူထားပြီး ပရိသတ်အားပေးမှုရရှိထားသူကတော့ မင်းသားအလင်းရောင် ပဲဖြစ်ပါတယ်။ ဝါရင့် စီနီယာမင်းသမီးတွေနဲ့ တွဲဖက်ပြီး ရုံကြီးကားတွေရိုက်ကူးထားသလို ဇာတ်လမ်းတွဲတွေလည်းရိုက်ကူး ထွက်ရှိထားပါတယ်။

သရုပ်ဆောင်လည်းကောင်းသလို ရုပ်ရည်အရလည်း စွဲဆောင်မှုရှိတာမို့ မိန်းကလေးပရိသတ်တွေကြားသူ့ရဲ့ အချစ်ရေးဟာ စိတ်ဝင်စားစရာကောင်းလှပါတယ်။ လက်ရှိအချိန်ထိ ရည်းစားမရှိသေးတဲ့ အလင်းရောင်ကတော့ အချစ်ရေးနဲ့ပတ်သတ်လို့ သူ့ရဲ့ခံယူချက်ကို ယခုလိုပဲ Myanmar Celebrity သို့ ပြောပြထားပါတယ်။

"ဒီအနုပညာကို တစ်စိုက်မတ်မတ် လုပ်နေတဲ့ အချိန်မှာ ရည်းစားတွေထားပြီး၊ ပြသနာ ထပ်မဖြစ်ချင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အလုပ်က နားလည်မှု လိုတယ်။ နားလည်မှု မရှိဘူးဆိုရင် ဒီဘက်မှာက ကောင်းကောင်း အာရုံစိုက်လို့ မရဘူး။ အရင်တုန်းကဆိုရင် ကျွန်တော့်ကို ဒီအလုပ် ဆက်မလုပ်နဲ့တော့ တခြား အလုပ်ပြောင်းလုပ် ဆိုတာတွေရော ဖိအားပေးတာတွေများပြီး နည်းနည်းလည်း အာရုံနောက်လို့ ရည်းစား မထားဖြစ်တော့တာပါ။ အနုပညာ လုပ်နေတဲ့အချိန်မှာ ပြသနာတွေလည်း အများကြီး ကြုံခဲ့ရတယ်။ အဲ့ဒါကြောင့် လုပ်ငန်းတွေအားလုံး (၁) နှစ်နီးပါးလောက် ရပ်သွားတယ်။ အခုမှ အရှိန်ရအောင် ပြေးနေတဲ့ လူတစ်ယောက်အတွက် အချစ်ရေးဘက်ကို အချိန်မပေးနိုင်တာလည်း ပါ ပါတယ်" လို့ အလင်းရောင်က ဆိုပါတယ် ပရိသတ်ကြီးရေ.....

Source: Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။