မင်္ဂလာဆောင်ချိန်နဲ့ညအိပ်ချိန်ကလွဲလို့ ချစ်ဇနီးလေးကို သူ့ရဲ့ညာဘက်မှာပဲထားရတဲ့အဖြစ်မှန်ကို ပွင့်ပွင့်လင်းလင်းဖွင့်ဟလာတဲ့ နိုင်းဝမ်း

//s9.kh1.co/42/42fe3b8a247a1601ff41013839c7886dcedad7e4.jpg
အနုပညာရှင်များ

 ၁၄-ဇန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

မင်္ဂလာဆောင်ချိန်နဲ့ညအိပ်ချိန်ကလွဲလို့ ချစ်ဇနီးလေးကို သူ့ရဲ့ညာဘက်မှာပဲထားရတဲ့အဖြစ်မှန်ကို ပွင့်ပွင့်လင်းလင်းဖွင့်ဟလာတဲ့ နိုင်းဝမ်း

ပရိသတ်ကြီးရေ အဆို‌တော်နိုင်းဝမ်းကတော့ ချစ်ရသူလေးနဲ့အတူ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်တာဟာဆိုရင် လပိုင်းပဲရှိပါသေးတယ်နော်။နိုင်းဝမ်းတို့ဇနီးမောင်နှံနှစ်ယောက်က သမီးရည်းစားဘဝကိုလည်းနှစ်တွေအကြာကြီးဖြတ်သန်းခဲ့တာကြောင့် အတွင်းသိအဆင်းသိတွေဖြစ်လို့ အပြန်အလှန်နားလည်မှုအပြည့်ရှိကြပါတယ်။နိုင်းဝမ်းက ချစ်ဇနီးချောလေးကိုသည်းသည်းလှုပ်ချစ်ပြီး အမြဲဂရုစိုက်ပေးတဲ့ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Kyaw Zin Latt's Facebook Account

နိုင်းဝမ်းကတော့"ကျွန်တော်တို့လင်မယားက မင်္ဂလာဆောင်တဲ့အချိန်နဲ့ ညအိပ်တဲ့အချိန်ကလွဲလို့ တခြားအချိန်တွေဆို ကျွန်တော့်ရဲ့ညာဘက်မှာပဲ ကျွန်တော့်မိန်းမကိုအမြဲထားတော့ပြောင်းပြန်ဖြစ်နေတယ်လို့အမြဲပြောကြတယ်..ဒါကလည်း ကိုယ့်အကြောင်းနဲ့ကိုယ်ပါ ကျွန်တော့်မိန်းမရဲ့မွေးရာပါအကျင့်တစ်ခုက သူ့ရှေ့မှာရယ်စရာတစ်ခုခုပြောလိုက်ပြီဆိုတာနဲ့ သူ့ညာဘက်မှာ ဘယ်သူရှိရှိ တဟားဟားရယ်ပြီး လက်ကတဗြောင်းဗြောင်းနဲ့ဆော်ပလော်တီးတော့တာပဲ အရက်ဘားသွားထိုင်ပြီးဟီလာထကြတဲ့ညမျိုးဆို သူ့ညာဘက်မှာထိုင်မိတဲ့သူကတော့ အိမ်ပြန်ရောက်ရင် ဘယ်ဘက်လက်မောင်းကို ပရုတ်ဆီသာလိမ်းအိပ်ပေတော့ပဲ" 

Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account

"ကိုယ်ကလည်း ပေါက်တတ်ကရတစ်ချိန်လုံးပြောတဲ့ကောင်ဖြစ်နေတော့ တစ်သက်လုံး ညာမောင်းကားစီးလာရာကနေ မခံနိုင်တော့လို့ ဘယ်မောင်းကားပြောင်းစီးလိုက်ရတဲ့အထိပါဆို စဉ်းစားသာကြည့်တော့ အဆိုးဆုံးကတော့ဗျာ တခါတလေ ကိုယ်ကဘာစကားမှမပြောပဲကားမောင်းနေချိန်တောင် သူ့ဟာသူရယ်စရာတွေစဉ်းစားမိပြီး ဘေးကမောင်းနေတဲ့ကောင်ကို ဘလိုင်ကြီးဆော်တာ ကိုယ့်မှာလန့်ဖျန့်သွားရတယ်"ဆိုပြီး ချစ်ဇနီးလေးရဲ့ အသည်းယားစရာအကျင့်တစ်ခုကို ပွင့်ပွင့်လင်းလင်းပြောပြလာတာပဲဖြစ်ပါတယ်နော်။ 

Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account

Source&Photo Credit:Kyaw Zin Latt's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T