မင်းသားချော နေဒွေးကတော့ အောင်မြင်မှုတွေရရှိထားတဲ့ဆယ်လီအနုပညာရှင်တွေထဲက တစ်ယောက်အပါအ၀င်ဖြစ်ပြီး ပရိသတ်အားပေးမှုရရှိထားတဲ့သူတစ်ယောက်ပါနော်....။ သူဟာဗီဒီယိုဇာတ်ကားတွေနဲ့ ပရိသတ်တွေစတင်သတိထားမိလာခဲ့ရာကနေ အခုဆိုရင်ရုပ်ရှင်ကားကြီးတွေလည်း အများအပြားရိုက်ကူးထားတာဖြစ်ပါတယ်။
နေဒွေးဟာ အခုလက်ရှိမှာဆိုရင် online shoppingလည်းလုပ်ကာရောင်းချနေသလို ဂျစ်တူးအော်ဂဲနစ်စူပါဆန်ကိုလည်း ကိုယ်တိုင်ဦးစီးပြီး မြန်မာပြည်အနှံ့ကိုရောင်းချပေးနေတာဖြစ်ပြီး အောင်မြင်မှုတွေအတော်အတန်ရရှိထားတာပါ။ နေဒွေးဟာ မကြာခင်အချိန်တွင်းကမှ မိခင်ကြီးအတွက် အိမ်တစ်လုံးဆောက်ပေးထားခဲ့တာဖြစ်ပြီး မိခင်အပေါ်ကိုအရမ်းကျေးဇူးသိတတ်လွန်းတဲ့သားလိမ္မာလေးတစ်ယောက်ဖြစ်ပါတယ်။
အခုဆိုရင်လည်း နေဒွေးဟာ မိခင်ဖြစ်သူနဲ့အတူညအိပ်၀တ်စုံဆင်တူလေး၀တ်ကာ မိခင်ကြီးနဲ့အတူ Live salesပြုလုပ်မယ့်အကြောင်းကို "မေမေလည်း မကြာခင်ကြော်ငြာမင်းသမီးကြီးဖြစ်လာတော့မှာပါ" ဆိုပြီး သူ့ရဲ့ Facebookစာမျက်နှာလေးမှာတင်ပေးခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Nay Dway's Facebook page