ပရိသတ်ကြီးတို့ရဲ့အချစ်တွေနဲ့ အားပေးချစ်ခင်မှုတွေကိုအခိုင်အမာရရှိထားကာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်ဆယ်လီတွေထဲမှာ သရုပ်ဆောင်မင်းသားချော စိုးရန်အောင်နဲ့ မင်းသမီးချောသက်သခင်တို့လည်း အပါအဝင်ပါပဲ..။
သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်ကားတွေများစွာရိုက်ကူးထားပြီး ဆွဲဆောင်မှုရှိတဲ့ဟန်ပန်တွေကြောင့်လည်း ပရိသတ်တွေသဘောကျအချစ်ပိုနေကြသလို ကြည်နူးစရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေကြတာပါ..။





အေးချမ်းပျော်ရွှင်စွာအိမ်ထောင်ရေးလေးကို နှစ်ယောက်အတူပိုင်ဆိုင်ဖြတ်သန်းနေကြတဲ့ စိုးရန်အောင်နဲ့ သက်သခင်တို့ကတော့ အခုဆိုရင် ချစ်စရာကောင်းလွန်းတဲ့ သားသားလေးကိုလည်း မွေးဖွားပိုင်ဆိုင်ထားကာ မိသားစုပုံရိပ်လေးတွေကိုလည်း ဝေမျှထားတာလည်း တွေ့ရပါတယ်နော်..။
ပြီးခဲ့တဲ့လပိုင်းကမှမိသားစုလေးထဲကို ရောက်ရှိလာခဲ့တဲ့ သူတို့ဇနီးမောင်နှံရဲ့ သားသားလေးကတော့ ဒီကနေ့လေးမှာပဲ တစ်လပြည့်သွားခဲ့ပြီဖြစ်ပြီး အမှတ်တရအနေနဲ့ မွေးခန်းထဲက အသည်းယားစရာပုံရိပ်လေးတွေကို ဝေမျှလာပါတယ်နော်..။





"သားသားလေး ဒီနေ့၁လပြည့်လို့ မွေးစကပုံလေးတွေ လာ save တာ.." ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ သားသားလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို သက်သခင်က ပရိသတ်တွေကို အမှတ်တရလေး ဝေမျှထားတာဖြစ်ပါတယ်နော်..။
အဲ့ဒီပို့စ်ရဲ့အောက်မှာ ပရိသတ်တွေကလည်း သားသားလေးနဲ့အတူ မိသားစုလေးစုံစုံညီညီနဲ့ ကြည်နူးပျော်စရာအမှတ်တရပုံရိပ်လေးတွေကို နှစ်သက်သဘောကျနေကြပြီး အားပေးစကားလေးတွေနဲ့အတူ မွေးနေ့ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာလည်း တွေ့ရပါတယ်..။





သတင်းအရင်းမြစ်: Thet Thakhin's Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။