အနုပညာလောကရဲ့ နာမည်ကြီး မင်းသားတစမလက်ဖြစ်တဲ့ မင်းဦးကတော့ မကြာခင်ကမှ မင်္ဂလာဆောင်ထားတာ ပရိသတ်ကြီးအသိပါ။ ချစ်စရာကောင်းတဲ့ ဇနီးလေးပိုင်ဆိုင်ထားရတဲ့ မင်းဦးကတော့ ကလေးရရင်လိုချင်ပါတယ်ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေထားဖူးပါတယ်။ 

နာမည်ကြီး မင်းသားကို ခင်ပွန်းတော်ထားရခြင်းအပေါ် ဇနီးသသည်နဲ့ ကတောက်ကဆဖြစ်မဖြစ်ကို Myanmar Celebrities မေးကြည့်ရာမှာတော့

"လင်မယားဆိုတော့ တစ်ခါတစ်လေ ကတောက်ကဆဖြစ်တာတော့ ရှိပါတယ်။ ဒါပေမဲ့ အကြီးအကျယ်တစ်ခုမှ မရှိပါဘူး။ အထူးသဖြင့်တော့ အခုနောက်ပိုင်း ကိုယ့်ကိုပိုပြီးတော့ နားလည်လာတယ်ပေါ့နော်။ ဒီအလုပ်အကြောင်းလည်း သိသွားပြီကိုး။ အကို့ကား ရုပ်ရှင်ဆိုမကြည့်ဘူး သဝန်တိုလို့။ မင်းသမီးတွေနဲ့ အဲ့လိုနေတာကို သူသဝန်တိုတာပေါ့နော်(ရယ်လျက်) ။ 

အခုနောက်ပိုင်းတော့ သူလည်းသဘောပေါက်သွားပါပြီ။ ဟိုတုန်းကတော့ ရည်စားဖြစ်ခါစတုန်းကတော့ ခဏခဏ ရန်ဖြစ်တယ် စကားများတယ်။ သဝန်တိုတာလည်း ပါတာပေါ့။ အကိုတို့အလုပ်ကိုက ဒီလိုပဲလေ။ ဒါပေမဲ့ သူလည်းနောက်ပိုင်း ရှုတင်လိုက်လာတာများတော့ မောင်နှမတွေလိုပဲဆိုတာ သဘောပေါက်လာပါပြီ" လို့ မင်းဦးက ဆိုပါတယ် ပရိသတ်ကြီးရေ..

Source: Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။