မင်းသမီးချောလေး ခြူးလေးကတော့ အနုပညာနယ်ပယ်မှာ အချိန်အတိုတွင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိခဲ့သူပဲဖြစ်ပါတယ်။ သူမဟာ MRTV - 4 ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာပါဝင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ခြူးလေးက အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေတာတွေ့ရပါတယ်။
ခြူးလေးက ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေအပြင် တမူထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားပြီး အေးချမ်းတည်ငြိမ်ကာ ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ချစ်တဲ့ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးပါတယ်။ ယခုမှာဆိုရင်လည်း ခြူးလေးက ပရိသတ်တွေချစ်အားပိုမယ့် ကြည်နူးစရာဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။
ဒီဗီဒီယိုလေးထဲမှာတော့ ခြူးလေးက တူမလေးရဲ့ မွေးနေ့လေးဖြစ်တာကြောင့် တူမလေးကိုရင်ခွင်ထဲမှာထည့်ထားပြီး မွေးနေ့ကိတ်လေးခွဲကာ ပျော်ပျော်ပါးပါး ကျင်းပနေတာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ခြူးလေးက " ချစ်တီတီ နဲ့ ချစ်သမီး ဘယ်လိုနှစ်ပါးသွား ...." ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ပရိသတ်ကြီးရေ တူမလေးနဲ့အတူ မွေးနေ့ပွဲလေးကျင်းပနေတဲ့ ခြူးလေးရဲ့ ချစ်စရာ ဗီဒီယိုလေးကို ပြန်လည်ကြည့်ရှု့လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Video Credit & Source - Chue Lay fb page