သူတို့နေထိုင်တဲ့ အင်္ဂလန်နိုင်ငံကအိမ်လေးမှာ နှင်းတွေတဖွဲဖွဲကျလို့ပျော်နေကြပြီး ခြံထဲဆင်းရင်းအလုပ်တွေလုပ်နေတဲ့ အောင်ရင်တို့ဇနီးမောင်နှံ

//s9.kh1.co/3e/3ec939937f93ca315e2d38123e01a35d0a27eff1.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

သူတို့နေထိုင်တဲ့ အင်္ဂလန်နိုင်ငံကအိမ်လေးမှာ နှင်းတွေတဖွဲဖွဲကျလို့ပျော်နေကြပြီး ခြံထဲဆင်းရင်းအလုပ်တွေလုပ်နေတဲ့ အောင်ရင်တို့ဇနီးမောင်နှံ

အဆိုတော် အောင်ရင်ကတော့ တစ်ခေတ်တစ်ခါကတည်းက ဂီတလောကမှာ ထင်ရှားအောင်မြင်လာခဲ့တဲ့ ပရိသတ်အချစ်တော်တစ်ဦးပဲ ဖြစ်ပါတယ်နော်။ အောင်ရင်က အသံကောင်းသလို သီချင်းတွေကို ပရိသတ်တွေရဲ့ရင်ထဲထိရောက်အောင် သီဆိုနိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ် ။ ယနေ့အချိန်အထိတိုင်အောင် သီချင်းတွေ ဆက်လက်သီဆိုနေဆဲဖြစ်တဲ့ အောင်ရင်က လက်ရှိမှာတော့ အင်္ဂလန်နိုင်ငံမှာ သွားရောက်နေထိုင်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc

အောင်ရင်က ချစ်ရတဲ့ဇနီးသည်နဲ့အတူ အင်္ဂလန်နိုင်ငံက အိမ်လေးမှာပဲ အေးအေးဆေးဆေးနေထိုင်နေတာ ဖြစ်ပါတယ် ။ အောင်ရင်က မြန်မာပြည်မှာကျန်ခဲ့တဲ့ သားလေးမိုးအောင်ရင်ကိုတော့ အဝေးကနေပဲစောင့်ရှောက်ပေးပြီး ချစ်နေတာလည်း ဖြစ်ပါတယ် ။ အခုလည်း အောင်ရင်တို့ဇနီးမောင်နှံက နှင်းတွေတဖွဲဖွဲကျနေတဲ့အချိန် ခြံထဲမှာဆင်းပြီး လုပ်စရာရှိတာလေးတွေလုပ်နေကြပုံကို ဗီဒီယိုလေးနဲ့အတူ မျှဝေပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc

အောင်ရင်က "ဒီနေ့ ရွာမှာ Snow ထပ်ကျ" ဆိုပြီး သူ့ရဲ့အိမ်ရှေ့နဲ့ အိမ်နောက်ပတ်ဝန်းကျင်မှာ နှင်းတွေကျပြီး ခြံထဲမှာပြည့်နေတာကို ဗီဒီယိုရိုက်ပြခဲ့တာ ဖြစ်ပါတယ် ။ အောင်ရင်ရဲ့ချစ်ဇနီးကလည်း နှင်းကျနေတဲ့ကြားထဲကနေ ခိုလေးတွေကို အစာကျွေးပြီး ကုသိုလ်ယူနေတာလည်း ဖြစ်ပါတယ် ။ ကဲ အင်္ဂလန်နိုင်ငံကအိမ်လေးမှာ အေးချမ်းသာယာစွာနေထိုင်ရင်း ပျော်နေကြတဲ့ အောင်ရင်တို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေနဲ့ ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Aung Yin's FB Acc

Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T