ပရိသတ်အချစ်တော် ကိုပေါက်ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ ဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်ပြီး ရိုက်ကူးတဲ့ အပိုင်းပါ ကျွမ်းကျင်ပြီး လူငယ်တက်သစ်စ သရုပ်ဆောင်လေးတွေကိုလည်း မြေတောင်မြှောက်ပေးနေတဲ့ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။ဗီဒီယို ခေတ်တုန်းကဆို ရင်လည်း ပီပြင်ပြောင်မြောက်လှတဲ့ အနုပညာ စွမ်းရည်တွေ နဲ့ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေ အားပေးဝန်းရံမှုကို ခံခဲ့ ရပြီး ဆယ်စု နှစ်မကအောင်မြင်မှုတွေ ရရှိခဲ့သည်သာမက ယခုအချိန်ထိတောင် အောင်မြင်မှုတွေ ရရှိနေကာ အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းနေတာ ပဲဖြစ်ပါတယ်။
ယခုအချိန်မှာလည်း ဇနီးသယ်နဲ့ အတူ သားသမီးတွေကို ပါရရှိထားပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားကာ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်တွေ ထဲက မိသားစု တစ်စုလည်းဖြစ်ပါတယ်။ မကြာမကြာမှာ လည်း TikTok ဗီဒီယိုလေးတွေကို ဟာသဆန်ဆန် စော့ကစားထားပြီး ချပြကာ TikTok မင်းသားလားလို့ထင်ရလောက်အောင် ပီပြင်လှတဲ့ ဟန်ပန် အမူအရာတွေကြောင့် ပရိသတ်တွေ အားပေးမှုကို တခဲနပ်ရရှိကာ လူငယ်တွေ အကြား သူရဲ့ TikTok လေးတွေက ရေးပန်းစား အောင်မြင်နေတာ ပဲဖြစ်ပါတယ်။
ယခုအခါမှာတော့ ဘဝရဲ့ အနိမ့်အမြင့် ဖြစ်တည်မှုတွေမှာ ပတ်သတ်ပြီး နေထိုင်တက်ဖို့ နဲ့ ပတ်သတ်ပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြလာတာ ပဲဖြစ်ပါတယ်။
“မင်္ဂလာပါ မိတ်ဆွေ
ဘဝရဲ့အနိမ့်အမြင့် ဖြစ်တည်မှုတွေမှာ အနေအထိုင်တတ်ဖို့လိုပါတယ်။
အောင်မြင်နေတဲ့အချိန်မှာ ဘဝင်မမြင့်နဲ့ဘဝမမေ့နဲ့။
ကျဆုံးနေတဲ့အချိန်မှာလဲ အားမငယ်ပါနဲ့။
အောင်မြင်နေတဲ့အချိန်မှာ အပြောအဆို အနေအထိုင် ဆင်ချင်ပါ။
ကျဆုံးနေတဲ့အချိန်မှာ အရင်ကထက် ၂ဆတိုးပြီးကြိုးစားပါ။
ကျဆုံးနေတာတွေ အဆင်မပြေဖြစ်နေတာတွေက မင်းတစ်ယောက်တည်းမဟုတ်ဘူး။
စိတ်ကိုဖြူအောင်ထား ဘာလုပ်လုပ်စေတနာများများထည့်လုပ်ပါ။
အားလုံးအတူတူအောင်မြင်ကြမယ်……” ဆိုပြီးဖော်ပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ကိုယ့်ရဲ့ အထင်အမြင်လေးတွေကို ကောမန့်မှာ ရေးခဲ့ကြဦးနော်….။
သတင်း အရင်းအမြစ်៖ Aung Min Naing Facebook account