အရင်နဲ့မတူတော့ပဲ အလုပ်တွေကြိုးစားပြီး ပိုက်ဆံရှာရတဲ့အကြောင်းကို လေးလေးနက်နက်ပြောလာတဲ့ ဆောင်းယွန်းစံ

//s9.kh1.co/cb/cbc0728e1cb4c59dc7738830d61b207e9d5974f7.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ အနုပညာအလုပ်တွေအပြင် စီးပွားရေးလုပ်ငန်းတွေကိုလည်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေတာပါ။ သူမရဲ့ ကြိုးစားမှုနဲ့ စိတ်အားထက်သန်မှုကြောင့် အချိန်ခဏလေးအတွင်း တိုးတက်အောင်မြင်ကာ အလုပ်တွေအများကြီး ရရှိတာကလည်း ပရိသတ်တွေအသိပဲ ဖြစ်ပါတယ်။ သူမ အခုလို အလုပ်ကြိုးစားရတဲ့အကြောင်းကို ဖေ့ဘွတ်အကောင့်မှာ ရေးသားမျှဝေလာခဲ့ပါတယ်။

Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account

"ဖေဖေရဲ့ ရွှေဆိုင်နဲ့ ထီဆိုင်ကိုလဲ ကူရောင်းပေးရတယ် မေမေ့ရဲ့ ခြင်းလေးတွေကိုလဲ ကူရောင်းပေးတယ် ကိုယ်တိုင် စ လုပ်နေတဲ့ “အိုးလေး” pageမှာလဲ skin care တွေရောင်းနေသေးတယ် အရင်တုန်းကဆို အိမ်ကအလုပ်တွေကို ဂရုတောင်မစိုက်ဖြစ်ဘူး သေချာလဲမသိဘူး ကိုယ့်အခန်းထဲကိုယ်နေ ကိုယ့်အလုပ်ကိုယ်သွားပဲ (ဟီး ခုကျ ပိုက်ဆံလိုချင်တော့လဲလုပ်ရတာပေါ့နော်) ခုများကျတော့ အိမ်မှာအလုပ်ရှုပ်ဆုံးက ဆောင်းယွန်းစံပဲ ညဆို ၃ နာရီလောက်မှ စာရင်းတွေပြီး တစ်ခါတလေ ကျောက်မြတ်ရတနာဒီဇိုင်းတွေ ရှာပေး ( ကိုယ်ရှာပေးတာလေးတွေ ကြိုက်ကြတယ်ဆိုတော့လဲ ပျော်တာပေါ့လေ)..... ​

Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account

ပြောချင်တာက ပိုက်ဆံဆိုတာ အလကားမရပါဘူးလို့ ပြီးတော့ ပိုက်ဆံလဲ မချေးပါဘူးနော် စေတနာပါရင် ရှိသမျှအားလုံးလှူပါတယ် စေတနာမပါရင် ၁၀၀၀တောင်မပေးပါဘူးနော် အလုပ်တွေလုပ်ရလို့လဲ အရမ်းချမ်းသာနေတယ်မထင်ပါနဲ့ ခုချိန်က အားလုံး အိတ်စိုက်အခြေအနေသာသာပဲရှိပါသေးတယ်နော် ပိုက်ဆံတွေအရမ်းရှိလာရင်လည်း လိုအပ်တဲ့သူတွေကိုလှူဖို့ပါနော် အလုပ်မလုပ်ပိုက်ဆံမရှာပဲထိုင်နေတဲ့သူတွေကို ပေးဖို့ ကမ်းဖို့ ချေးဖို့မဟုတ်ပါဘူးအလုပ်လုပ်ဖို့ ဆန္ဒရှိရင် ဆောင်းမှာအလုပ်တွေအများကြီးရှိပါတယ်.. ဆက်သွယ်ပေးကြပါနော် ပိုက်ဆံတော့ မချေးကြပါနဲ့ စာလဲရှည်သွားပြီ အဆုံးထိ ဖတ်ပေးလို့ ကျေးဇူး ဒါပါပဲရှင် " ဆိုပြီး မကြာသေးတဲ့ နာရီပိုင်းအချိန်ကမှ ရေးသားလာတာဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account

သတင်း အရင်းအမြစ်Source - Saung Yoon San's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T