လက်တစ်ဝါးစာအရွယ်လေးနဲ့ စိတ်မကောင်းဖွယ်မွေးဖွားခဲ့ပေမယ့် မိခင်ကိုအပြုံးတွေဖန်ဆင်းပေးခဲ့တဲ့ အမွှာလေးနှစ်ဦး

//s9.kh1.co/16/166f9642298f4d68134025b0d80e0d0e01bf3f73.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.


ဗြိတိန်နိုင်ငံက ချာလီဘာကာနဲ့ ဟာဗေးဘာကာလို့အမည်ရတဲ့ အမွှာလေးနှစ်ယောက်ကတော့ တကယ့်ကိုထူးထူးခြာခြားမွေးဖွားလာခဲ့ကြတဲ့ အမြွာကလေးငယ်တွေလို့ဆိုရပါမယ်။ သူတို့ကတော့သီတင်းပတ် ၂၄ ပတ်ကြာမှာ မွေးဖွားခဲ့ကြတာဖြစ်ပြီး နေ့စေ့လစေ့မဟုတ်ဘဲ မွေးဖွားခဲ့တာကြောင့်လက်တစ်ဝါးစာအရွှယ်သာရှိတဲ့ တကယ့်ကို သေးငယ်တဲ့ အရွယ်နဲ့ မွေးဖွားလာခဲ့ကြတာပဲ ဖြစ်ပါတယ်။သူတို့ ၂ ယောက်လုံးကတော့ မွေးဖွားလာချိန်မှာ ကိုယ်အလေးချိန် ၁ ပေါင် ၆ အောင်စနဲ့ ၁ ပေါင် ၄ အောင်စ အသီးသီးစီ ရှိခဲ့ကြတယ်လို့သိရပါတယ်။

photo credit - Globalist
photo credit - Globalist
photo credit - Globalist
photo credit - Globalist

မိဘတွေဖြစ်ကြတဲ့ လူစီဟောလ်နဲ့ ဂျိုးဆက်ပ်ဘာကာတို့ အတွက်တော့ သူတို့ဟာ ပထမဆုံး ရရှိလာမယ့် ရင်သွေးတွေ ဖြစ်တာမို့ အရမ်းကို စိတ်ပူပန်နေခဲ့ကြရတယ်လိုဆိုပါတယ်။သူတို့ကို မွေးဖွားပေးခဲ့တဲ့ ဆရာဝန်တွေကလည်း နေ့စေ့လစေ့မဟုတ်ဘဲ ကိုယ်ဝန်ပျက်ကျတော့မယ့်ဆဲဆဲ အခြေအနေကနေ မွေးလာခဲ့တာမို့ အရမ်းကိုစိတ်ပူခဲ့ကြရပေမယ့်လည်း အာင်အောင်မြင်မြင်နဲ့ မွေးဖွားပေးနိုင်ခဲ့ပါတယ်။ ဒီကလေးလေးနှစ်ယောက်ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ မေလတုန်းကဖြစ်ပွားခဲ့တာဖြစ်ပြီး သူတို့ကို ၄ လကြာလောက်ထိ ဆေးရုံမှာ အနီးကပ် စောင့်ကြပ်ကုသမှုတွေ ပေးခဲ့ရတာ ဖြစ်ပါတယ်။

photo credit - Globalist
photo credit - Globalist
photo credit - Globalist
photo credit - Globalist

မိခင်ဖြစ်သူ လူစီဟာဆိုရင်လည်း သူ့ရဲ့သားလေးနှစ်ယောက်ကို သေသေချာချာလေး ဂရုစိုက်ပြုစုစောင့်ရှောက်ပေးခဲ့တာကြောင့် မွေးလာကာစက လက်ချောင်းသေးသေးလေးတွေနဲ့ ထူးခြားတဲ့သူတို့ အမြွှာညီအစ်ကိုဟာ ခုချိန်မှာတော့ သန်စွမ်းကျန်းမာတဲ့ လူငယ်လေးတွေ ဖြစ်နေပြီပဲဖြစ်ပါတယ်။လူစီအနေနဲ့လည်း ကျွန်မကိုယ်ဝန်ဆောင်တုန်းက အိမ်မက်ဆိုးတစ်ခုပါပဲလို့ ဆိုခဲ့ပေမယ့် လက်ရှိမှာ ကျန်းမာပျော်ရွှင်နေတဲ့ သူ့ရဲ့သားလေးတွေကိုကြည့်ပြီး ပီတီတွေနဲ့ပြည့်နေတဲ့ မိခင်တစ်ဦးဖြစ်လို့ နေခဲ့ပါပြီ။

photo credit - Globalist
photo credit - Globalist
photo credit - Globalist
photo credit - Globalist
photo credit - Globalist
photo credit - Globalist
photo credit - Globalist<br>
photo credit - Globalist

သတင်း အရင်းအမြစ်Globalist

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T