ခင်ပွန်းဖြစ်သူ အာဘွိုင်းရဲ့ချစ်ခင်ကြင်နာမှုတွေကြောင့် ခေးမေမေဖြစ်ပြီးတဲ့အထိလှသွေးကြွယ်ကာ ချစ်ဖို့ကောင်းနေတဲ့ မြတ်ရတနာကျော်

//s9.kh1.co/cc/cc942fefd61781e33f9e37f1b7f464e2b66608fb.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ......ဖြူဖွေး၀င်းဥနေတဲ့အသားအရည်လေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာတိုင်းရင်းသူလေးဖြစ်တဲ့ မြတ်ရတနာကျော်ကတော့ ပရိတ်သတ်တွေရဲ့အချစ်ကို သိမ်းပိုက်ရရှိထားတဲ့သူလေးဖြစ်ပါတယ်။ သူမဟာ အနုပညာလှုပ်ရှားမှုတွေကို အနည်းငယ်သာလုပ်ခဲ့ပေမယ့် ပရိတ်သတ်တွေကသူမကိုသတိထားမိပြီး ချစ်ခင်အားပေးခဲ့ကြတာပါ။ မြတ်ရတနာကျော်ဟာ music videoတွေမှာ ပါ၀င်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး တစ်ခါတက္ကသိုလ်ဆိုတဲ့ သီချင်းလေးမှာ ပရိသတ်အားပေးမှု အများအပြားရရှိခဲ့တာပါ။

Photo credit-Ye Min Ko
Photo credit-Ye Min Ko
Photo credit-Ye Min Ko
Photo credit-Ye Min Ko

မြတ်ရတနာကျော်ဟာ အခုလက်ရှိမှာဆိုရင် အာဘွိုင်းနဲ့အတူသာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာလည်းဖြစ်ပါတယ်။ ဒါ့ပြင်ချစ်စရာကောင်းတဲ့သမီးလေး Scarlett Phyo Tunလေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး သမီးလေးဟာလည်း ဖြူဖြူဖွေးဖွေးလေးနဲ့ အသည်းယားစရာလေးပါ။ မြတ်ဟာ အခုလက်ရှိမှာဆိုရင်လည်း Live salesတွေလုပ်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို ရရှိနေတာလည်း ဖြစ်ပါတယ်နော်။

Photo credit-Ye Min Ko
Photo credit-Ye Min Ko
Photo credit-Ye Min Ko
Photo credit-Ye Min Ko

မြတ်ဟာ မကြာခင်ကထွက်ရှိခဲ့တဲ့ခင်ပွန်းဖြစ်သူအာဘွိုင်းရဲ့ music videoလေးမှာပါ၀င်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ချစ်စရာအပြင်အဆင်လေးတွေနဲ့ ခေးမေမေတစ်ယောက်လို့ကိုထင်ရက်စရာမရှိအောင်ကို လှနေခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်လည်း မြတ်ရတနာကျော်ဟာ music videoရိုက်ကူးခဲ့တုန်း ချစ်စရာပုံလေးတွေကို သူမရဲ့ Facebookစာမျက်နှာမှာ "မင်းရဲ့ အချစ်ဦး မဖြစ်ချင်ဘူးကမ္ဘာ ပေါ်မှာ မင်းအချစ်ရဆုံးသော တစ်ဦးတည်းသော မဟေသီ ပဲဖြစ်ချင်တာ...." ဆိုတဲ့ captionလေးနဲ့အတူ တင်ပေးလာခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Ye Min Ko
Photo credit-Ye Min Ko
Photo credit-Ye Min Ko
Photo credit-Ye Min Ko

သတင်း အရင်းအမြစ်Myat Yadanar Kyaw's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T