ကျယ်ဝန်းလှတဲ့သူမရဲ့ခြံလေးအတွင်းမှာအလှပန်းပင်များစွာစိုက်ပျိုးကာအေးချမ်းစွာနေထိုင်နေတဲ့ ကျော်သူရဲ့ချစ်ဇနီး

//s9.kh1.co/60/60db22a4a9e6ef5c840e8439ee99c77e725809ad.jpeg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ကျော်သူကတော့  ဆယ်စုနှစ်တွေများစွာတိုင်အောင်  အနုပညာလှုပ်ရှားမှုတတွများစွာ လုပ်ကိုင်ခဲ့ပြီးလက်ရှိမှာတော့  ပရဟိတအလုပ်တွေကို  အင်တိုက်အားတိုက်  လုပ်ကိုင်နေတာလည်း  ဖြစ်ပါတယ်။  ဇနီးဖြစ်သူကလည်း  ပါရမီဖြည့်ဘက်ကောင်းပီသစွာ  သူ့ရဲ့ အလုပ်တွေကို  ပါဝင်ကူညီလုပ်ဆောင်ပေးနေတာလည်း  ဖြစ်ပါတယ်။  အားလက်ရက်မှာတော့  ဇနီးမောင်နှံနှစ်ယောက်လုံး  အိမ်မှာနေရင်း အပင်လေးတွေစိုက်ကာ  အနားယူအပန်းဖြေလေ့ရှိတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင် နာရီပိုင်းလောက်ကလည်း  ကျော်သူဇနီးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ စာလေးတွေ  ရေးသားထားတာပဲ  ဖြစ်ပါတယ်။

Photo Crd- Myint Myint Khin Pe’s Facebook Account 

ဒါကတော့  ကျယ်ဝန်းလှတဲ့သူမရဲ့ခြံလေးအတွင်းမှာအလှပန်းပင်များစွာစိုက်ပျိုးကာအေးချမ်းစွာနေထိုင်နေကြောင်းကို ရေးသားထားတာပဲ  ဖြစ်ပါတယ်။  သူမကလည်း  " သစ်ပင်စိုက်တဲ့အတတ်ပညာနဲ့

စိတ်ကိုစစ်တဲ့အသိပညာ

ခြံထဲမှာ သစ်ခွစင်လေးလုပ်ဖြစ်အောင် မမဒေါ်ခင်စိုးရီက တိုက်တွန်းခဲ့ပြီး သူကတော့ သာသနာ့ဘောင်ဝင်ပြီး လွတ်ကြောင်းရှာသွားတယ်။ မနှစ်က မိုးတွင်းကြီး ဝါးသစ်ခွရုံလေးပြိုကျသွားလို့ သစ်ခွပင်တွေ ကြုံရာတွေမှာ ချိတ်ထားခဲ့ရတယ်။ ကျွန်မကလည်း ခရီးတွေ ဆက်တိုက်သွားနေမိတော့ သစ်ခွပင်တွေရော၊ ကိုအောင်ကြီးလက်ဆောင်ပေးထားတဲ့ နှင်းဆီပင်တွေအပါအဝင် ပိန်းပင်တွေရော၊ ကြာပင်တွေရော၊ အခြားအပင်တွေရော သိပ်ဂရုမစိုက်ဖြစ်ခဲ့တဲ့အတွက် အပင်တွေအတော်များများ မသေရုံတမယ် ကြုံလှီကုန်ပြီး သေတဲ့ အပင်တွေလည်း သေသွားခဲ့ရပါတယ်။ 

အခု COVID-19  ကြောင့် အိမ်မြဲလာတော့မှ အပင်လေးတွေကို ပိုအချိန်ပေးဖြစ်လာပါတယ်။ zoom meeting ကနေဝိသုဒ္ဓိမဂ်ဓမ္မလမ်း ဝိပဿနာဆရာကြီး ဆရာဦးစိုးလွင်ရဲ့ ဓမ္မလမ်းဝိပဿနာသင်တန်းလည်းတက်ရင်း သတိပဌာန်တရားလည်း လက်တွေ့အားထုတ်နေတော့ ကိုယ်ပြုစုလိုက်လို့ ပန်းပင်လေးတွေ ပန်းပွင့်လာတာ၊ အရွက်လေးတွေစိမ်းစိုလာတာတွေ မြင်ရရင် ဝမ်းသာတဲ့ သောမနဿဝေဒနာပေါ်ပြီး ချမ်းသာသုခခံစားနေရတာကိုလည်း သိနေတယ်။ အချို့အပင်လေးတွေ အခြေအနေမကောင်းတာကိုမြင်ရရင် သေသွားမှာကို စိုးရိမ်တဲ့ ဒေါမနဿဝေဒနာဖြစ်တာကိုလည်း သိနေတယ်။ အပင်လေးတွေ ရှင်သန်ဖို့ ပြုစုချင်တဲ့ စေတနာတွေ တိုက်တွန်းနေတာကိုလည်း သိနေတယ်။ စေတနာတိုက်တွန်းလို့ မြေဆွ၊ ရေလောင်း၊ အားဆေးထဲ့၊ အပင်ပြုပြင်တဲ့ ရုပ်တွေ ဖြစ်လာ၊ ကာယဝိဥာဏ်စိတ်တွေ ဖြစ်လာတာတွေလည်း သိနေတယ်။ ပန်းပွင့်လေးတွေပေါ်မှာ လိပ်ပြာကလေးတွေ ပျံဝဲနေတာလေးတွေမြင်ရရင်လည်း ကျေနပ်ကြည်နူးတဲ့ သောမနဿဝေဒနာလေး ဖြစ်လာတာကို သိနေတယ်။ ကြာကန်လေးတွေထဲငှက်ကလေးတွေ ရေချိုး၊ ရေသောက်တာ မြင်ရင် ကြာရွက်လေးတွေ ပေါက်ပြဲကုန်မှာကို စိုးရိမ်တဲ့ ဒေါမနဿဝေဒနာနဲ့ သူတို့အတွက် ဝမ်းမြောက်ကြည်နူးတဲ့ သောမနဿဝေဒနာတွေ တစ်လှည့်စီ ဖြစ်နေတာလည်း သိနေတယ်။ Facebook မှာ အပင်စိုက်သူတွေ group တွေထဲ ဝင်ကြည့်မိလို့ အရမ်းလှတဲ့ အပင်လေးတွေ အပွင့်လေးတွေမြင်ရင် လိုချင်တဲ့ လောဘစိတ်တွေဖြစ်လာပြီး online ကရောင်းတာတွေကို ရှာကြည့််မိတယ်။ ဟိုးတုန်းကစိတ်နဲ့ဆိုဖုန်းဆက်ပြီး ထပ်ထပ် ဝယ်နေမိမှာ။ 

Photo Crd- Myint Myint Khin Pe’s Facebook Account 
Photo Crd- Myint Myint Khin Pe’s Facebook Account 
Photo Crd- Myint Myint Khin Pe’s Facebook Account 
Photo Crd- Myint Myint Khin Pe’s Facebook Account 
Photo Crd- Myint Myint Khin Pe’s Facebook Account 
Photo Crd- Myint Myint Khin Pe’s Facebook Account 
Photo Crd- Myint Myint Khin Pe’s Facebook Account 
Photo Crd- Myint Myint Khin Pe’s Facebook Account 

အခုတော့ Facebook ထဲကလှပတဲ့ အပင်တွေ ပန်းတွေရဲ့ အဆင်းရူပါရုံကို မြင်တဲ့အကြောင်းတရား အာရမ္မဏသတ္တိကြောင့် ကျွန်မဆိုတဲ့ ခန္ဓာအစုအပေါင်းထဲက အကုသိုလ်ဟိတ် လောဘတွေက ထကြွလာလို့ လိုချင်နေမိတာ။တကယ်ဆို ကျွန်မမှာ ကြီးထွားလာအောင် ပြုစုပေးရဦးမည့် အပင်ပိစိလေးတွေရော၊ ဆက်လက်ရှင်သန်နေအောင်စောင့်ရှောက်ပေးရမည့် အပင်ရွယ်ရော အများကြီးရှိနေတာမို့ လိုချင်တာထက် လုပ်သင့်တဲ့ လိုအပ်မှုတွေကိုဘဲဦးစားပေးဖို့ ဆင်ခြင်ဆုံးဖြတ်နိုင်တဲ့ သတိနဲ့ ထပ်မဝယ်ဖြစ်အောင် လောဘကို ချွန်းအုပ်နိုင်နေပါတယ်။ Facebook  ကြည့်လို့ မြင်စိတ်ပေါ်တုန်း တခဏ ဖြစ်ထွန်းလာတဲ့ လောဘကိလေသာဟာ မြင်စိတ်ချုပ်တာနဲ့ တန်းချုပ်သွားပြီးအသစ်သိတဲ့ အာရုံနဲ့ သက်ဆိုင်တဲ့ နာမ်ခန္ဓာအသစ်တွေ ရုပ်ခန္ဓာအသစ်တွေ တရစပ် ဖြစ်ထွန်းနေတာကိုလည်းဆင်ခြင်သိရှိနေလို့ ဘာကိုမှလည်း ဥပါဒါန် ဖြစ်တဲ့ အထိတန်းတန်းစွဲ မဖြစ်တော့ပါဘူး။ 

ကိုဗစ်ကာလ ဘယ်မှမသွားနိုင်တဲ့ ကျွန်မဟာ ကျွန်မရဲ့ သစ်ပင် ပန်းပင်လေးတွေကို ပြုစုစောင့်ရောက်ရင်း ပန်းပင်လေးတွေ ငှက်ကလေးတွေ လိပ်ပြာလေးတွေဆိုတဲ့ ကောင်းတဲ့အာရုံလေးတွေရဲ့ အာရမ္မနသတ္တိ၊ နိဿယသတ္တိအထောက်အပံ့တွေကြောင့် စိတ်ချမ်းသာပျော်ရွှင်တဲ့ ချမ်းသာသုခဝေဒနာကို နည်းမျိုးစုံနဲ့ ရရှိနေသလို ကိုယ့်စိတ်ကိုယ် စောင့်ကြည့်စီစစ်နေတဲ့ သတိပဌာန် ဝိပဿနာတရားကိုလည်း ကျင့်ကြံအားထုတ်နေနိုင်လို့ မမဒေါ်ခင်စိုးရီလိုလောကီစွန့်ပြီး လွတ်ကြောင်း မရှာနိုင်ပေမဲ့ ကိုယ့်ကိုယ်ကို ကျေနပ်အားရမိပါတယ်။ လူတိုင်း လူတိုင်း အခုလို လူအများနဲ့ တွေ့ဆုံ စုရုံးခွင့်မရချိန်၊ အခြားဗာဟီရကိစ္စတွေ နည်းပါးနေချိန်မှာ ကိုယ်ဝါသနာပါရာလေးတွေလုပ်ရင်း ကိုယ့်ရဲ့ ရုပ်နာမ်ခန္ဓာ အထူးသဖြင့် ကိုယ့်စိတ်ကိုယ်စစ်ရင်း ကိုဗစ်ကာလကို ဖြတ်သန်းနေကြမယ်ဆိုရင် တန်ဖိုးဖြတ်မရတဲ့ အသိဥာဏ်ပညာတွေ အမြတ်ထွက်ကြမှာ အသေအချာပါ။

မေတ္တာရည်လျှက်

ရွှေဇီးကွက် “ ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက် ဒီသတင်းလေးကို  တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Myint Myint Khin Pe’s Facebook Account 

Photo Crd- Myint Myint Khin Pe’s Facebook Account 
Photo Crd- Myint Myint Khin Pe’s Facebook Account 
Photo Crd- Myint Myint Khin Pe’s Facebook Account 
Photo Crd- Myint Myint Khin Pe’s Facebook Account 
Photo Crd- Myint Myint Khin Pe’s Facebook Account 
Photo Crd- Myint Myint Khin Pe’s Facebook Account 
Photo Crd- Myint Myint Khin Pe’s Facebook Account 
Photo Crd- Myint Myint Khin Pe’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T