သူမကိုဖက်ရှင်လန်းလန်းလေးတွေဆင်မြန်းပေးတဲ့ဒီဇိုင်နာက ထောင်ထဲမှာပဲ ဆုံးပါးသွားခဲ့လို့ဝမ်းနည်းမျက်ရည်ကျကာ စိတ်မကောင်းဖြစ်နေတဲ့သိင်္ဂီထွန်း

//s9.kh1.co/39/39e14808fa57a9c2a0d4ac1169493fab132618dc.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

သူမကိုဖက်ရှင်လန်းလန်းလေးတွေဆင်မြန်းပေးတဲ့ဒီဇိုင်နာက ထောင်ထဲမှာပဲ ဆုံးပါးသွားခဲ့လို့ဝမ်းနည်းမျက်ရည်ကျကာ စိတ်မကောင်းဖြစ်နေတဲ့သိင်္ဂီထွန်း

မင်းသမီးသိင်္ဂီထွန်းကတော့ တစ်ချိန်ကဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေများစွာမှာ ကျရာဇာတ်ရုပ်တွေကနေ အပီပြင်ဆုံးပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ စွယ်စုံရအနုပညာရှင်တစ်ယောက်လို့ ပြောရလောက်အောင် အလွမ်း၊အဆွေးဇာတ်ရုပ်တွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ သူမကတော့ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မင်းသမီးချောတစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit: Theingi Tun ' s Facebook Acc
Photo Credit: Theingi Tun ' s Facebook Acc
Photo Credit: Theingi Tun ' s Facebook Acc
Photo Credit: Theingi Tun ' s Facebook Acc

သူမကတော့ ယနေ့အချိန်ထိအလှမပျက်သေးဘဲ နုပျိုလှပနေဆဲဖြစ်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ သူမကတော့ အမှတ်တရပုံရိပ်လေးတွေကို ပြန်ကြည့်ရင်းဝမ်းနည်းမျက်ရည်ကျမိတဲ့အကြောင်း ပရိသတ်တွေထံ ပြောပြလာခဲ့ပါတယ်။ သူမကတော့ ယခုမှာ သူမကိုဖက်ရှင်လန်းလန်းလေးတွေဆင်မြန်းပေးတဲ့ဒီဇိုင်နာက ထောင်ထဲမှာပဲအစာအိမ်သွေးကြောပေါက်ပြီးဆုံးပါးသွားခဲ့လို့ဝမ်းနည်းမျက်ရည်ကျကာ စိတ်မကောင်းဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Theingi Tun ' s Facebook Acc
Photo Credit: Theingi Tun ' s Facebook Acc
Photo Credit: Theingi Tun ' s Facebook Acc
Photo Credit: Theingi Tun ' s Facebook Acc
Photo Credit: Theingi Tun ' s Facebook Acc
Photo Credit: Theingi Tun ' s Facebook Acc

သူမကတော့ " ဒီပုံလေးတတ်လာတော့ ဝမ်းနည်းပြီးမျက်ရည်လည်မိပါတယ်ဒီဇာတ်ကားတွက် ကျမရဲ့ဒီဇိုင်နာက လူမှားဖမ်းဆီးခံရပြီးထောင်ထဲမှာ အစာအိမ်သွေးကြောပေါက်သေခဲ့ရတယ်လို့ သိရတဲ့တွက် စိတ်မကောင်းဖြစ်ရပါတယ်ဪ ကျမနှလုံးသား လောကဒဏ်ခံနိုင်ဖို့နုနေပါသေးလား "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးသိင်္ဂီထွန်းရဲ့ ရိုက်ကွင်းထက်မှာ ဖက်ရှင်လန်းလန်းလေးနဲ့ ပျော်ရွှင်ရယ်မောခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source: Theingi Tun ' s Facebook Acc

Photo Credit: Theingi Tun ' s Facebook Acc
Photo Credit: Theingi Tun ' s Facebook Acc
Photo Credit: Theingi Tun ' s Facebook Acc
Photo Credit: Theingi Tun ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T