ပရိသတ်ကြီး အဆိုတော်သွန်းကတော့ ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာခဲ့ပြီး နေရာတစ်နေရာကို ရပ်တည်ထားခဲ့သူပဲ ဖြစ်ပါတယ်။ သူမဟာ မြန်မာသံတေးသီးချင်းတွေကို အသံချိုချိုအေးအေးလေးနဲ့သီဆိုပြီး ပရိသတ်တွေရဲ့ ရင်ထဲကို ထိုးဖောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သွန်းရဲ့ သီချင်းတွေကတော့ ယနေ့တိုင် လူကြီးလူငယ်မရွေး သဘောကျကြိုက်နှစ်သက်တဲ့ သီချင်းကောင်းတွေဖြစ်ပါတယ်။
သွန်းက ဝတ်စားဆင်ယဥ်မှုမှာလည်း ခေတ်ပေါ်ဖက်ရှင်တွေထက် မြန်မာဆန်ဆန် ဝတ်စုံလေးတွေကို ပိုပြီးဝတ်ဆင်တတ်ကာ ယဥ်ယဥ်လေးနဲ့ ချစ်စရာကောင်းနေတဲ့သူပဲ ဖြစ်ပါတယ်။ လတ်တလော ကိုဗစ်ကာလလေးမှာတော့ သွန်းက တေးသီချစ်သစ်တွေကို ဖန်တီးနေတဲ့အပြင် Online ကနေ တန်ဖိုးကြီးလက်ဝတ်ရတနာတွေကိုရောင်းပေးနေတာ တွေ့ရပါတယ်။ ယခုမှာတော့ သွန်းက ပရိသတ်တွေပျော်ရွှင်ကြည်နူးမှုတွေ ထပ်တူရအောင် မိသားစုဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။
ဒီဗီဒီယိုလေးကတော့ အသက် ၉၂ နှစ်ပြည့်သွားပြီးဖြစ်တဲ့ သူမရဲ့ ဖေဖေမွေးနေ့ပွဲလေးကို မိသားစုတွေ ပျော်ပျော်ပါးပါး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မိသားစုတွေ ပျော်ပျော်ပါးပါး သီချင်းတွေဆိုတဲ့အပြင် မိဘနှစ်ပါးကို မောင်နှမတွေအတူတူ ကန်တော့ခဲ့တာက တကယ့်ကို ကြည်နူးချစ်စရာကောင်းလောက်ပါတယ်။ ကဲ...ပရိသတ်ကြီးရေ ဖခင်ရဲ့ မွေးနေ့ပွဲလေးကို မိသားစုတွေ နဲ့အတူ ကြည်နူးစရာကောင်းအောင် ကျင်းပခဲ့တဲ့ သွန်းရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ VideoCredit & Source - Thun fb page