ဗီရိုနဲ့မဆံ့အောင်များပြားလွန်းလို့ တောင်လိုပုံနေတဲ့အဝတ်အစားတွေကို ကိုယ်တိုင်ရှင်းလင်းပြီး လှူဒါန်းဖို့ထုတ်ပိုးနေတဲ့ လမင်းကဗျာ

//s9.kh1.co/e8/e83bfa0eea980488e78c35e7a81f764a5f53c65c.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ဗီရိုနဲ့မဆံ့အောင်များပြားလွန်းလို့ တောင်လိုပုံနေတဲ့အဝတ်အစားတွေကို ကိုယ်တိုင်ရှင်းလင်းပြီး လှူဒါန်းဖို့ထုတ်ပိုးနေတဲ့ လမင်းကဗျာ

ပရိသတ်ကြီးရေ သရုပ်ဆောင်လမင်းကဗျာကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ပါဝင်တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။လမင်းကဗျာက အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းလာခဲ့တာဟာဆိုရင် ဆယ်စုနှစ်တစ်စုစာလောက်ရှိနေပြီဖြစ်ပါတယ်။လမင်းကဗျာကို အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကလည်း သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို တစိုက်မက်မက်အားပေးလာကြတာဖြစ်ပါတယ်နော်။

Photo Credit:Lamin Kabyar's Facebook Account

လမင်းကဗျာက ကိုယ်ပိုင်စီးပွားရေးလေးတွေကိုလည်း လုပ်ဆောင်နေပြီး မိဘနှစ်ပါးကို လိုလေသေးမရှိအောင်ထောက်ပံ့ပေးတာဖြစ်ပါတယ်။လမင်းကဗျာက လူငယ်တစ်ယောက်လည်းဖြစ်တာကြောင့် အလုပ်အရမ်းကြိုးစားပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူဖြစ်ပါတယ်နော်။လမင်းကဗျာက မကြာသေးခင်ရက်ပိုင်းကမှ သူမရဲ့အိမ်အသစ်လေးကိုပြောင်းရွှေ့လိုက်တာဖြစ်လို့ အိမ်သစ်တက်ပွဲလေးကိုလည်း သူငယ်ချင်း၊မိတ်ဆွေတွေကို ဖိတ်ကြားလိုက်သေးတာဖြစ်ပါတယ်။ 

Photo Credit:Lamin Kabyar's Facebook Account
Photo Credit:Lamin Kabyar's Facebook Account
Photo Credit:Lamin Kabyar's Facebook Account
Photo Credit:Lamin Kabyar's Facebook Account
Photo Credit:Lamin Kabyar's Facebook Account
Photo Credit:Lamin Kabyar's Facebook Account

လမင်းကဗျာက သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တာကြောင့် သူမဆီမှာအဝတ်အစားတွေအများအပြားရှိပါတယ်နော်။သူမရဲ့အဝတ်အစားတွေထဲကမှ တစ်ချို့တစ်ဝက်ကို လှူဒါန်းဖို့အတွက် လမင်းကဗျာက ကိုယ်တိုင်ရှင်းလင်းပြီး ထုတ်ပိုးနေတာဖြစ်ပါတယ်။လမင်းကဗျာက စေတနာသဒ္ဒါတရားထက်သန်ပြီး လိုအပ်တဲ့သူတွေကိုလှူဒါန်းမှာဖြစ်လို့ ပီတိဖြစ်စရာကောင်းတဲ့အလှူလေးဖြစ်ပါတယ်။ပရိသတ်တွေလည်း လမင်းကဗျာရဲ့တစ်နိုင်တစ်ပိုင်အလှူလေးကို သာဓုခေါ်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Photo Credit:Lamin Kabyar's Facebook Account
Photo Credit:Lamin Kabyar's Facebook Account
Photo Credit:Lamin Kabyar's Facebook Account
Photo Credit:Lamin Kabyar's Facebook Account

Source&Photo Credit:Lamin Kabyar's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T