သူမအားချစ်သူအဖြစ်ရွေးချယ်ပါက တိုက်နဲ့ကားအလိုရှိရာပေးမယ့်အကြောင်းပြောကာဈေးဗန်းခင်းချလိုက်တဲ့ မမဆောင်းရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/cf/cfe45fe05f67ada551ae1180ef8ba18c771fa2f8.jpeg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

မမဆောင်းလို့  အားလုံးက  ချစ်စနိုးခေါ်ကြတဲ့  သရုပ်ဆောင်  မင်းသမီးချောလေး  ဆောင်းအိန္ဒြေထွန်းကတော့  ထူးခြားတဲ့  သရုပ်ဆောင်ပုံစံတွေကြောင့်  ပရိသတ်တွေက  တစ်နေ့ထက်တစ်နေ့  ချစ်ခင်အားပေးမှုတွေကို  ရရှိထားတာလည်း  ဖြစ်ပါတယ်။   အနုပညာအလုပ်ကို  ငွေကြေးကြောင့် လုပ်နေတာမဟုတ်ဘဲ  တကယ်ဝါသနာအရင်းခံကာ  ကြိုးစားနေတာကြောင့်လည်း  ဘယ်လိုနေရာမျိုးကပဲ ဖြစ်ဖြစ်  သရုပ်ဆောင်နေရရင်ကို  ကျေနပ်နေသူတစ်ယောက်လည်း  ဖြစ်ပါတယ်။  သူမရဲ့ လုံ့လဝီရိယရှိမှုတွေကြောင့်လည်း  မမဆောင်းဆိုတဲ့ နာမည်တစ်လုံးက  အနုပညာလောကမှာ  ထင်ပေါ်ကျော်ကြားနေပြီပဲ  ဖြစ်ပါတယ်။

Photo Crd- Saung Eindaray Tun’s Facebook Account 

မမဆောင်းဟာ  ဒီနေ့မှာတော့  အိမ်ထဲမှာဘဲ  ရိုက်ကွင်းတည်ကာ  ကြော်ငြာလေးတစ်ခု  ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။  သူမဟာ  ဒီနေ့ရှုတင်မှာ  ခါတိုင်းနေ့တွေနဲ့ မတူဘဲ  ပုံစံပြောင်းလဲကာ  ရိုက်ကူးခဲ့ပြီး ပရိသတ်တွေကို  Live လွှင့်ကာ ပြသခဲ့တာပဲ  ဖြစ်ပါတယ်။  ရှုတင်ပြီးတာနဲ့  Tik Tok ရိုက်လေ့ မမဆောင်းရဲ့  ပုံစံအတိုင်း မကြာသေးခင်  မိနစ်ပိုင်းလောက်ကလည်း  အခွီဗီဒီယိုဖိုင်လေးတစ်ခုကို  သူမရဲ့ တစ်တော့အကောင့်မှာ  တင်ပေးထားတာပဲ  ဖြစ်ပါတယ်။

Photo Crd- Saung Eindaray Tun’s Facebook Account 
Photo Crd- Saung Eindaray Tun’s Facebook Account 
Photo Crd- Saung Eindaray Tun’s Tik Tok Account 
Photo Crd- Saung Eindaray Tun’s Tik Tok Account 
Photo Crd- Saung Eindaray Tun’s Tik Tok Account 
Photo Crd- Saung Eindaray Tun’s Tik Tok Account 

ဒါကတော့  သူမအားချစ်သူအဖြစ်ရွေးချယ်လိုက်တာနဲ့ တိုက်နဲ့ကားအလိုရှိရာပေးမယ့်အကြောင်းပြောကာဈေးဗန်းခင်းချလိုက်တဲ့ မမဆောင်းရဲ့ဗီဒီယိုဖိုင်လေးပဲ  ဖြစ်ပါတယ်။  သူမဟာ  ယောကျာ်းလေးပုံစံကို  ဝတ်ဆင်ထားပြီး  " ကိုကိုဆောင်း " လို့တောင်  ကိုယ့်ကိုကိုယ်  ပြန်ခေါ်နေသေးတာကိုလည်း  ဒီဗီဒီယိုလေးထဲမှာ  မြင်တွေ့ရမှာဘဲ  ဖြစ်ပါတယ်။  ပရိသတ်တွေလည်း  အပန်းပြေရယ်မောနိုင်စေရန်  မမဆောင်းရဲ့  Tik Tok ဗီဒီယိုဖိုင်လေးကို  တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်  ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Saung Eindaray Tun’s Facebook and Tik Tok Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T