Original Genster2 မှ ရတဲ့ အနုပညာကြေးလေးနဲ့ တတ်စွမ်းသလောက် လှုဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

လူငယ်ကြိုက်ရက်ပ်သီချင်းတွေသီဆိုတဲ့ အဆိုတေ်ာ ယုန်လေး ဟာ အဆိုပိုင်းတင်မကပဲ ဇာတ်ကားတွေလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။

မကြာသေးမီကမှ ရုံတင်ပြသခဲ့တဲ့ Original Ganster2 ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ် ခင်လှိုင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာပါ။

ဒီဇာတ်ကားဟာ လက်တလောပရိသတ်တွေရဲ့တခဲနက်အားပေးမှုတွေ ရရှိနေပြီး ယုန်လေးကလည်း အကောင်းဆုံးကြိုးစားသရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ။

ဒီဇာတ်ကားလေး အောင်မြင်မှုအနေနဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ယုန်လေးတစ်ယောက် ရွှေတိဂုံဘုရား၊ ခရစ်ယာန်ဘုရားကျောင်း ၊ ဟိန္ဒူဘုရားကျောင်း ၊ ဗလီ တို့မှာ တတ်နိုင်သလောက် သွားရောက်လှုဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဘုရားကဆင်းဆင်းချင်းမှာ ဝမ်းသာစရာသတင်းကြားခဲ့ရသလို အနုပညာအလုပ်တွေလည်း အရင်လို ပြန်လုပ်ခွင့်ရတော့မှာမို့ ပျော်ရွှင်နေတဲ့အကြောင်း ရေးသားထားပါတယ်။

ဘာသာတိုင်းကိုလည်း လေးစားမှုရှိပါတယ်ဆိုတဲ့ ယုန်လေး ရဲ့ စိတ်ဓာတ်ကတော့ ချီးကျူးစရာပါပဲနေ်ာ။

ယုန်လေး ရဲ့ ကုသိုလ်အတွက် သာဓုခေါ်ဆိုပေးလိုက်ပါဦးနော်။

သတင်းအရင်းမြစ် kyaw phone aung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။