သရုပ်ဆောင် မင်းသမီးကြီး နန္ဒာလှိုင်ကတော့ သာယာပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။ အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့် ပရိသတ်အားပေးချစ်ခင်မှုကို ရရှိနေဆဲဖြစ်တဲ့ နန္ဒာလှိုင်က နေ့စဥ်လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက် စာမျက်နှာထက်မှာ ဝေမျှလေ့ရှိတာဖြစ်ပါတယ်။ သူမရဲ့ ဘဝလေးက အေးချမ်းသာယာတာဖြစ်ပြီး ချစ်ခင်ပွန်းကလည်း နားလည်မှုအပြည့်ရှိသူပါ။
နန္ဒာရဲ့ ခင်ပွန်းသည် ဦးဇေသီဟက စီးပွားရေးလောကမှာ ထိပ်တန်းဖြစ်ပေမယ့်လည်း အားလပ်ချိန်တွေမှာ မိသားစုကို အချိန်ပေးကာ ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်သူပါ။ ဇနီးအပေါ် ဂရုစိုက်ကြင်နာပြီး အချစ်ပိုတတ်တဲ့ ဦးဇေသီဟက တစ်ခါတရံမှာလည်း စစနောက်နောက်နေထိုင်တတ်တာကို တွေ့ရပါတယ်။ မကြာသေးတဲ့ နာရီပိုင်းအချိန်ကလည်း ချစ်ဇနီးလေး နန္ဒာကို အချွဲပိုကာ စနောက်လာပြန်ပါတယ်။
ဒါကတော့ လက်ကို သံစိုက်သွားတယ်လို့ ပြောကာ ချွဲနေခဲ့တာပါ။ နန္ဒာကလည်း ခင်ပွန်းသည် ချွဲတဲ့ပုံစံလေးကို အချစ်ပိုနေကာ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ အခုလို ရေးသားလာခဲ့ပါတယ်။ " ယောကျာ်းကရုံးကနေဖုန်းဆက်တယ် ကိုဇေ - မိန်းမရေလက်ကိုသံစိုက်သွားလို့မေးခိုင်ကာကွယ်ဆေးထိုးမယ် Me - ဟယ် ဘယ်လိုဖြစ်တာလဲယောကျာ်းရယ် များလား ကိုဇေ - သံစိုက်သွားတာ Me - Ok အဖူးလေးကိုခေါ်ထားလိုက်မယ် စာမေးပွဲ၄ ရက်ဘဲလိုတော့တဲ့အဖူးလေးအိမ်ကိုရောက်လာပြီးဒဏ်ရာကြည့်တော့ " ဆိုပြီး ရေးသားကာ ပုံလေးတင်ပေးလာတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Source - Nandar Hlaing 's Facebook Account