နာမည်ကြီးနေတဲ့ TikTok လေးကို အမိုက်စားကကွက်တွေနဲ့ အပီအပြင်ကပြီး ဆော့ကစားထားတဲ့ ဟန်ဇာမိုးဝင်းရဲ့ဗီဒီယို

//s9.kh1.co/29/29f0a55bddc55e12cae4f1a34c1a0970084b9a02.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်သဘင်လောကမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားခဲ့တဲ့ သူကတော့ ဟန်ဇာမိုးဝင်းပဲ ဖြစ်ပါတယ်။ ဟန်ဇာမိုးဝင်းက ဇာတ်မင်းသားတစ်ယောက်အပြင် သရုပ်ဆောင်အနေနဲ့လည်း ဗီဒီယိုဇာတ်ကားတွေထဲမှာလည်း ပါဝင်ရိုက်ကူးထားတာကို တွေ့ရပါတယ်။ လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး အချိန်လေးမှာတော့ ပရိသတ်တွေအတွက် လူမှုကွန်ယက်ကနေ တင်မောင်ဆန်းမင်းဝင်း နဲ့အတူ ကပြဖျော်ဖြေပေးနေတာ တွေ့ရပါတယ်။

Photo Credit - Han Zar Moe Win fb account
Photo Credit - Han Zar Moe Win fb account
Photo Credit - Han Zar Moe Win fb account
Photo Credit - Han Zar Moe Win fb account

ဟန်ဇာမိုးဝင်းက အရပ်အမောင်းကောင်းတဲ့အပြင် တည်ကြည်ခန့်ညားပြီး စမတ်ကျကျ ဝတ်စားဆင်ယဥ်တတ်တာကြောင့် နှုတ်ခမ်းနီမလေးတွေကလည်း စိတ်ဝင်စားချစ်အားပိုနေရတာဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာကိုဝါသနာကြီးတဲ့ ဟန်ဇာမိုးဝင်းက အပျင်းအပြေ tik tok လေးတွေဆော့ကစားပြီး ပရိသတ်တွေကိုဖော်ပြပေးပါတယ်။ ယခုမှာလည်း ဟန်ဇာမိုးဝင်း က ပရိသတ်တွေသဘောကျမယ့် tiktok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Han Zar Moe Win fb account
Photo Credit - Han Zar Moe Win fb account
Photo Credit - Han Zar Moe Win fb account
Photo Credit - Han Zar Moe Win fb account

ဒီ ဗီဒီယိုလေးတွေထဲမှာတော့ ဟန်ဇာမိုးဝင်း က ခေတ်စားနေတဲ့ Tik Tokလေးကို သူ့ရဲ့ အဖွဲ့သားတွေနဲ့အတူ အပီအပြင်ကပြီး ဆော့ကစားထားတာဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဟန်ဇာမိုးဝင်း ရဲ့ အမိုက်စားtik tokဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ အဖွဲ့သားတွေနဲ့အတူ ဆော့ကစားထားတဲ့ ဟန်ဇာမိုးဝင်းရဲ့ အမိုက်စား tiktok လေးကို ကြည့်ရှု့လို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source & Video Credit - Han Zar Moe Win Tik Tok

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T