ပရိသတ်ကြီးရေ.. ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကြောင့် အနုပညာလောကမှာ ပရိသတ်တွေ အချစ်ပိုနေကြရသူလေးကတော့ အဆိုတော်သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်နော်..။
နန်းဆုလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ ချောမောလှပလွန်းတဲ့မျက်နှာလေးနဲ့ ဖြူဖွေးဝင်းဥနေတဲ့အသားအရေတွေကို ပိုင်ဆိုင်ထားတဲ့အပြင် အချိုးအစားကျလွန်းတဲ့ခဏကောက်ကြောင်းအလှတွေကြောင့်လည်း ပရိသတ်တွေကြားရေပန်းစားနေသူလေးလည်း ဖြစ်ပါတယ်..။
အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေများစွာ ထွက်ရှိထားတဲ့ နန်းဆုလေးကတော့ မကြာခင်ကမှသီချင်းအသစ်လေးတစ်ပုဒ် ထွက်ရှိထားပြီး ပရိသတ်တွေကို အကြိုက်တွေ့သဘောကျစေပြန်တာလည်း တွေ့ရပါတယ်နော်..။
အခုတစ်ခါမှာလည်း သူမရဲ့သီချင်းအသစ် MTV ထဲက ဇာတ်ဝင်ခန်းပုံရိပ်လေးတွေကို နန်းဆုလေးကဝေမျှထားပြီး လည်ပြန်ငေးရမယ့်အလှတရားတွေနဲ့ ထိရက်စရာမရှိလောက်အောင်ကို ကျော့ရှင်းပြီးလှသွေးကြွယ်လွန်းနေတဲ့ နန်းဆုလေးကို အားလုံးပဲ မြင်တွေ့ရမှာပါနော်..။
"Club ကိုသွားသောင်းကျန်းတဲ့အခန်းလေး ကြိုက်ကြတယ် ဆိုလို့ ?.." ဆိုပြီး MTV ရိုက်ကွင်းပေါ်က ဆွဲဆောင်မှုရှိလွန်းတဲ့ သူမရဲ့အမိုက်စားပုံရိပ်လေးတွေကို နန်းဆုလေးက ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။
ပရိသတ်တွေကလည်း နန်းဆုလေးရဲ့ သီချင်းလေးကို ကြိုက်နှစ်သက်ကြသလို အမိုက်စားလေးသရုပ်ဆောင်မှုတွေနဲ့ ရိုက်ကူးပုံဖော်ထားတာတွေကြောင့်လည်း သဘောကျနေကြကာ အခုလိုလှရက်လွန်းတဲ့ပုံရိပ်လေးတွေကို မှတ်ချက်ပေးထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Nansu Yati Soe's Fb Acc