ချစ်သူနဲ့မိသားစုရွေးချယ်ဖို့ကြုံလာတိုင်းအရေးကြီးဆုံးအရာကိုသာပြတ်သားစွာဆုံးဖြတ်ခဲ့ကြောင်းပြောပြလာတဲ့ ပိုးကြာဖြူခင်

//s9.kh1.co/84/8455ea7360dbac5ba2a3c1a41dd5b1b48a211b1c.jpeg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီးချောလေး  ပိုးကြာဖြူခင်ကတော့  ရုပ်သံဇာတ်လမ်းတွဲတွေ  ရိုက်ကူးသရုပ်ဆောင်ရာမှတစ်ဆင့်  အနုပညာလောကမှာ  နာမည်ရလာသူတစ်ယောက်လည်း  ဖြစ်ပါတယ်။  သရုပ်ဆောင်ဖြစ်ဖို့အတွက်  သုညကနေစခဲ့ရပြီး  ရိုးသားကြိုးစားခဲ့သူဖြစ်တာကြောင့်  အခုလို  လူသိများတဲ့ အနုပညာရှင်တစ်ဦးအဖြစ်  ရပ်တည်လာနိုင်ခဲ့တာပဲ  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း    သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ဘဝတစ်ကွေ့မှာ  ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေများစွာကို  ရင်ဖွင့်ပြောပြလာခဲ့တာပဲ  ဖြစ်ပါတယ်။

Photo Crd- Poe Kyar Phyu Khin’s Facebook Page

" ကျွန်မလေ နေ့မအိပ်ညမအိပ် ရှုတင်တွေရိုက် သီချင်းတွေဆိုပြီး ရိုးရိုးသားသား ကြိုးစားပြီး ပိုက်ဆံရှာခဲ့တယ်ကြိုးစားရုန်းကန်နေရတဲ့အချိန်မှာ သူများတွေလို ဘရန်းတွေ ဝယ်မကိုင်နိုင်ခဲ့ဘူး နိုင်ငံခြားခရီးစဉ်တွေလဲ မထွက်နိုင်ခဲ့ဘူး ကိုယ့်အတွက် တန်ဖိုးကြီး လက်ဝတ်ရတနာ ဘာတစ်ခုမှ ဝယ်မဝတ်ခဲ့ဘူး ရသမျှ ချွေတာစုဆောင်းပြီး မသုံးမဖြုန်းဘဲ  ရောင့်ရဲ ခဲ့တယ် အခုလဲ ကျွန်မမှာ အိမ်ပဲ ရှိတယ် ကားမရှိဘူး မိဘဝယ်ပေးတဲ့ကားကိုစီးနေရတုန်းပဲတစ်ခါတစ်လေ သူများသားသမီးနဲ့ ယှဉ်ပြီး ဖြစ်တည်မှု မတူညီတာချင်းကို နှိုင်းယှဉ်ပြီး ပြောခံရတဲ့အခါ လောကကြီးက ရိုးသားတဲ့ သူတွေကိုကျ မျက်နှာသာ မပေးလိုက်တာနော် လို့ တွေးပြီး မျက်ရည်တွေနဲ့ပဲ အားတင်းပြီး ဆက်ကြိုးစားခဲ့ရတယ် ဒီအရွယ် အထိ အိမ်ထောင်မပြုသေးပဲ မိသားစုအတွက်ဆိုတဲ့ အတွေးတစ်ခုထဲနဲ့ တင်ဘယ်လောက်ပဲ ဖိနှိပ်ခံရခံရ ဘယ်လောက်ပဲ တိုက်ခိုက်ခံရခံရ ဒီသရုပ်ဆောင်အလုပ်ကိုဆက်လုပ်ပြီး ကျွန်မသည်းခံပြီး ဒီမိသားစုကိုပဲ တွယ်ကပ်နေခဲ့တယ်။

Photo Crd- Poe Kyar Phyu Khin’s Facebook Page
Photo Crd- Poe Kyar Phyu Khin’s Facebook Page
Photo Crd- Poe Kyar Phyu Khin’s Facebook Page
Photo Crd- Poe Kyar Phyu Khin’s Facebook Page
Photo Crd- Poe Kyar Phyu Khin’s Facebook Page
Photo Crd- Poe Kyar Phyu Khin’s Facebook Page

တစ်ခါတစ်လေ အချစ်ကြောင့် ပျော်ရွှင်ခဲ့ဖူးတယ် အဲ့အချစ်ကြောင့်ပဲ နာကျင်ရပြန်တယ် မိသားစုနဲ့ အချစ် လွန်ဆွဲတိုင်းလဲ အများကြီး မစဉ်းစားဘူး ကျွန်မပဲဗီလိန်အဖြစ်ခံလိုက်တယ် မိသားစုကို သိပ်ချစ်တဲ့ နှလုံးသားမရှိတဲ့မိန်းမကြီးပါပေါ့ အခုလဲ ရှေ့ဆက်ဖို့ ဆက်ကြိုးစားနေတယ် အလုပ်တွေ ကြိုးစားနေတယ် အလုပ်များနေတော့ စိတ်က တခြားအရာတွေအတွက် အာရုံနောက်မခံဘူးလေ အေးဆေးပေါ့ အပြုံးတွေနဲ့ပဲ အလုပ်ကို အကောင်းဆုံးဖြစ်အောင်ဆက်လုပ်တယ် မွေးကတည်းက မဟုတ်ရင် မခံတတ်သူမို့ တစ်ခါတလေ ဆက်ဆက်ထိမခံတာလေးတစ်ခုကတော့ အားနည်းချက်ပေါ့ ရိုးသားတာကိုကြိုက်တယ် ပွင့်လင်းတာကိုကြိုက်တယ် အဆိပ်အတောက်တွေဦးနှောက်ထဲ မထည့်တတ်ဘူး လာထည့်လဲ လက်မခံဘူး အာရုံလာနောက်ရင် ဒဲ့ရှောင်တယ် အဲ့တာ ကျွန်မ ပိုးကြာဖြူခင်ပါ နောက်ဆုံးပြောချင်တာကတော့ ကျွန်မအဖေကို လွမ်းတယ် ကျွန်မအဖေသာ အခုချိန်ဘေးမှာရှိခဲ့ရင် ငယ်ငယ်တုန်းကလိုပဲ ငိုငိုပြီး တိုင်ပြောပစ်မယ် 

ပုံ/ 

    ဆိုင်းမိုင် 

          15.1.2021 " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက်  ဒီသတင်းလေးကို  တစ်ဆင့်  ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Poe Kyar Phyu Khin’s Facebook Page 

Photo Crd- Poe Kyar Phyu Khin’s Facebook Page
Photo Crd- Poe Kyar Phyu Khin’s Facebook Page
Photo Crd- Poe Kyar Phyu Khin’s Facebook Page
Photo Crd- Poe Kyar Phyu Khin’s Facebook Page
Photo Crd- Poe Kyar Phyu Khin’s Facebook Page
Photo Crd- Poe Kyar Phyu Khin’s Facebook Page
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T