တော်ရုံအနုပညာရှင်တွေရဖို့မလွယ်ကူတဲ့ YouTubeကနေပေးတဲ့ ဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့အတွက်အတိုင်းအသိ၀မ်းသာခဲ့ရတဲ့ နေထူးနိုင်

//s9.kh1.co/1d/1dacaf4b6a02fb7fb2f38cd2690ba4e9d1bd316c.jpg
အနုပညာရှင်များ

 ၁၆-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.....အက်ရှင်မင်းသားတစ်ယောက်အနေနဲ့ပရိသတ်တွေသတိထားမိလာခဲ့ပြီး အက်ရှင်ဇာတ်ကားကောင်းတွေများစွာရိုက်ကူးထားတဲ့ မင်းသားနေထူးနိုင်ကိုသိကြမယ်ထင်ပါတယ်နော်....။ သူရဲ့ဗီဒီယိုဇာတ်ကားတွေဟာဆိုရင် အခုအချိန်ထိလည်း လူကြီး၊လူငယ်မရွေးသဘောကျအားပေးကြတာတွေ့ရပြီးတော့ အောင်မြင်မှုတွေကိုဆက်တိုက်ထိန်းသိမ်းထားနိုင်တဲ့မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။

Photo credit-Nay Htoo Naing's Facebook acc
Photo credit-Nay Htoo Naing's Facebook acc
Photo credit-Nay Htoo Naing's Facebook acc
Photo credit-Nay Htoo Naing's Facebook acc

နေထူးနိုင် ရိုက်ကူးခဲ့တဲ့အက်ရှင်ဇာတ်ကားအချို့ကိုဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရပေမယ့် အပြုံးမပျက်ဆက်လက်ကြိုးစားခဲ့တာကြောင့် ပရိသတ်အများစုရဲ့ အသိအမှတ်ပြုအားပေး၀န်းရံမှုကိုရရှိခဲ့တာပါ။ အခုဆိုရင်လည်းနေထူးနိုင်ဟာ သာယာချမ်းမြေ့ဖွယ်မိသားစုဘ၀လေးကို တည်ထောင်ထားနိုင်တာဖြစ်ပြီး သူတို့မိသားစုပိုင် ကြည်တံခွန် Entertainment YouTube Channelလေးကိုလည်းတည်ထောင်ထားတာဖြစ်ပါတယ်။

Photo credit-Nay Htoo Naing's Facebook acc
Photo credit-Nay Htoo Naing's Facebook acc
Photo credit-Nay Htoo Naing's Facebook acc
Photo credit-Nay Htoo Naing's Facebook acc

ဒီYouTube Channelလေးမှာဆိုရင် နေထူးနိုင်ရိုက်ခဲ့တဲ့ဇာတ်ကားကောင်းများစွာကိုတင်ပေးထားဝာာဖြစ်ပြီး အားပေးကြည့်ရှုသူ‌အများအပြားရရှိခဲ့တာကြောင့် YouTubeကနေပေးတဲ့ အသိအမှတ်ပြုဆုတံဆိပ်တစ်ခုကိုရရှိခဲ့ထားပါ။ ဒီအကြောင်းအရာလေးကို သူမရဲ့ Facebookစာမျက်နှာမှာ "ဒီဆုတံဆိပ်​လေးဟာကျွန်​တော်တို့မိသားစုပိုင် ကြယ်တံခွန်YouTube ချန်နယ်​လေးကိုအား​ပေးကြ​သောပရိသတ်ကြီး​ကြောင့်အခုလိုအသိအမှတ်ပြုခံရတာပါ ကြယ်တံခွန်youtube channal ကိုဝင်​ရောက်ကြည့်ရှုသူတစ်​ယောက်ချင်းစီတိုင်းကို​ကျေးဇူးအထူးတင်ပါသည်......နေထူးနိုင်" ဆိုပြီးရေးသားမျှဝေထားပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nay Htoo Naing's Facebook acc
Photo credit-Nay Htoo Naing's Facebook acc
https://s9.kh1.co/__image/w=650,h=882,q=100/ba/ba2a35590a0c9e6b24618c52bbb168a40b66ebe7.jpg

သတင်း အရင်းအမြစ်Nay Htoo Naing's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T