သူရဲ့အလုပ်မှာ အားကိုးအားထားပြုနေရပြီး မိဘအပေါ်စိတ်ဒုက္ခမပေးဘဲ သိတက်လိမ္မာတဲ့သားအမွှာ၂ယောက်အတွက် ဝမ်းသာဂုဏ်ယူနေတဲ့ ဒိန်းဒေါင်

//s9.kh1.co/0a/0a466407cb53772da00418232edc9aedcbdc8db4.jpg
အနုပညာရှင်များ

 ၁၆-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

သူရဲ့အလုပ်မှာ အားကိုးအားထားပြုနေရပြီး မိဘအပေါ်စိတ်ဒုက္ခမပေးဘဲ သိတက်လိမ္မာတဲ့သားအမွှာ၂ယောက်အတွက် ဝမ်းသာဂုဏ်ယူနေတဲ့ ဒိန်းဒေါင်

ဟာသလူရွှင်တော်ဒိန်းဒေါင်ကတော့ အောင်မြင်လျက်ရှိနေတဲ့အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစေခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပွဲအငြိမ့်တွေမှာလည်း ကပြဖျော်ဖြေလျက်ရှိနေခဲ့ပြီး အနုပညာအလုပ်တွေကို လည်းဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ဒိန်းဒေါင်ကတော့ ရုပ်ရှင်ဇာတ်ကားတွေကြီးတွေမှာလည်း ကျရာဇာတ်ရုပ်ကနေ အကောင်းဆုံးပါဝင်သရုပ်ဆောင်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Dain Daung ' s Facebook Acc 
Photo Credit: Dain Daung ' s Facebook Acc 
Photo Credit: Dain Daung ' s Facebook Acc 
Photo Credit: Dain Daung ' s Facebook Acc 

ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံလုပ်ကိုင်လျက်ရှိနေပြီး အကူအညီလိုအပ်တဲ့နေရာတွေဆီကို ကိုယ်တိုင်သွားရောက်ကာ ကူညီလေ့ရှိတဲ့ဒိန်းဒေါင်ကတော့ တစ်ဖက်မှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ အေးချမ်းသာယာတဲ့ မိသားစုလေးကိုတည်ဆောက်ထားနိုင်တဲ့ဒိန်းဒေါင်ကတော့ လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်စွာနေထိုင်တတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ယနေ့လေးမှာတော့ ဒိန်းဒေါင်တစ်ယောက် သားအမွှာလေး၂ယောက်ကို ကြည်နူးစရာကောင်းတဲ့ မွေးနေ့ဆုမွန်ကောင်းလေးတောင်ပေးလာခံ့ပါတယ်။

Photo Credit: Dain Daung ' s Facebook Acc 
Photo Credit: Dain Daung ' s Facebook Acc 
Photo Credit: Dain Daung ' s Facebook Acc 
Photo Credit: Dain Daung ' s Facebook Acc 

ဒိန်းဒေါင်ကတော့ ယခုမှာ သူ့ရဲ့အလုပ်တွေမှာ အားကိုးအားထားပြုနေရပြီး အရမ်းလိမ္မာကာမိဘအပေါ်မပူဆာတတ်တဲ့သားအမွှာ၂ယောက်အတွက် မွေးနေ့ဆုတောင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။ ဒိန်းဒေါင်ကတော့ " ယနေ့ကြရောက်တဲ့မွေးနေ့မှစပြီးဖေကြီးသားအမွှာနှစ်ယောက်လိုချင်တဲ့ဘဝရကြပါစေ "ဆိုပြီး လူမုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဟာသလူရွှင်တော်ဒိန်းဒေါင်တို့သားအဖတွေရဲ့ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source:Dain Daung ' s Facebook Acc

Photo Credit: Dain Daung ' s Facebook Acc 
Photo Credit: Dain Daung ' s Facebook Acc 
Photo Credit: Dain Daung ' s Facebook Acc 
Photo Credit: Dain Daung ' s Facebook Acc 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T