ရင်‌့ကျက်‌တည်‌ငြိမ်‌တဲ့‌ခေါင်‌း‌ဆောင်‌မှု‌တွေနဲ့မြန်‌မာအသင်‌းရဲ့မာလိန်‌မှူးစည်‌သူ‌အောင်‌


မ‌နေ့ကအဝါအနီ‌တွေပလူပျံ‌နေခဲ့တဲ့မြန်‌မာနဲ့စင်‌ကာပူရဲ့ပွဲကို

အားလုံးကြည်‌့ခဲ့ကြမှာပါ။‌ကာတာဒိုင်‌ရဲ့ဆုံးဖြတ်‌ချက်‌တချို့ဟာ

အားနည်‌းမှု‌တွေရှိခဲ့ပြီး မြန်‌မာနဲ့စင်‌ကာပူဟာဟာလည်‌း

‌ကျောင်‌း‌တော်‌ကရန်‌စ‌ဟောင်‌း‌တွေရှိခဲ့တဲ့အသင်‌းနှစ်‌သင်‌းဆို‌တော့ပွဲကကြမ်‌းသထက်‌ကြမ်‌းခဲ့ပါတယ်‌။ဦး‌ဇော်‌‌ဇော်‌ကိုယ်‌တိုင်‌မြန်‌မာကစားသမား‌တွေကိုစင်‌ကာပူကညစ်‌ပါတ်‌ရင်‌လည်‌းစိတ်‌ကိုထိန်‌းကစားဖို့မှာကြားခဲ့သည်‌အထိဖြစ်‌ခဲ့ပါတယ်‌။




‌ပေါက်‌ကွဲလွယ်‌တဲ့မြန်‌မာကစားသမား‌တွေကိုအဲ့ဒီအချိန်‌မှာ

အ‌ကောင်‌းဆုံး‌ခေါင်‌း‌ဆောင်‌မှူ‌ပေးခဲ့တာကအသင်‌း‌ခေါင်‌း‌ဆောင်‌စည်‌သူ‌အောင်‌ပါ။နှစ်‌ဖက်‌အသင်‌းအ‌ချေအတင်‌ဖြစ်‌‌နေကြချိန်‌နှစ်‌ဖက်‌လုံးကကစားသမား‌တွေကိုဖျန်‌‌ဖြေ‌နေတဲ့စည်‌သူ‌အောင်‌၊ဝါနုတဲ့ဂိုးသမား‌လေး

ဘုန်‌းသစ္စာမင်‌းကိုမပျာဖို့ညွှန်‌ကြား‌နေတဲ့စည်‌သူ‌အောင်‌ကို

ကြည်‌့ရတာမြန်‌မာအသင်‌း‌ခေါင်‌း‌ဆောင်‌‌ရွေးမှန်‌ပြီလို့ပရိသတ်‌‌တွေမှတ်‌ချက်‌ချလိုက်‌ကြပါ‌တော့တယ်‌။စည်‌သူ‌အောင်‌သာ

၀င်‌မထိန်‌းရင်‌မ‌နေ့ကပွဲဟာဒီထက်‌ပိုကြမ်‌းသွားနိုင်‌ပြီးမလိုလားအပ်‌တဲ့ပြဿနာ‌တွေအသင်‌းအ‌ပေါ်ရိုက်‌ခတ်‌လာနိုင်‌ပါတယ်‌။




စည်‌သူ‌အောင်‌ဟာတချိန်‌က ‌သွေးဆူလွယ်‌တဲ့ကစားသမား‌လေးဖြစ်‌ခဲ့‌ပေမယ်‌့ ကပ္ပတိန်‌လတ်‌ပတ်‌ကိုပတ်‌ပြီးချိန်‌မှာ‌တော့ ရင်‌့ကျက်‌တည်‌ငြိမ်‌တဲ့ကစားသမားတစ်‌‌ယောက်‌ဖြစ်‌သွားပါတယ်‌။‌ကောင်‌း‌သော‌ပြောင်‌းလဲခြင်‌းလို့ပဲဆိုရမှာပါ။မြန်‌မာလက်‌‌ရွေးစင်‌အသင်‌းကြီးရဲ့အသင်‌း‌ခေါင်‌း‌ဆောင်‌အဖြစ်‌စည်‌သူ‌အောင်‌ကို‌တွေ့မြင်‌ချင်‌ပါတယ်‌။


Photo-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။