ချွဲနွဲ့နေတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ အသည်းယားစရာကောင်းအောင် လုပ်ပြနေပြီး ဆယ်ကျော်သက်လေးလို ချောမောလှပနေတဲ့ မမဆောင်းရဲ့ ဗီဒီယို

//s9.kh1.co/94/94736de5bc1f0660b61e7016390c99473d2178ed.jpg
အနုပညာရှင်များ

 ၁၆-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီးကြီး ဆောင်းအိန္ဒြေထွန်းဟာ ဆယ်စုနှစ်လောက်က ဗီဒီဇာတ်ကားများစွာနဲ့ ကြော်ငြာတွေကို ရိုက်ကူးခဲ့ကာ နာမည်တစ်လုံးနဲ့ ရပ်တည်လားခဲ့တာ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ချစ်တဲ့ ပရိသတ်တွေကလည်း မမဆောင်းလို့ ချစ်စနိုးနဲ့ ခေါ်နေကြပြီး တစ်ခေတ်ပြန်လည် အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဆောင်းအိန္ဒြေထွန်းဟာ အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာလေးတွေအပြင် photo shootingတွေကို ဆက်တိုက်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။

Photo Credit - Saung Eaindray Tun's Facebook Account
Photo Credit - Saung Eaindray Tun's Facebook Account
Photo Credit - Saung Eaindray Tun's Facebook Account
Photo Credit - Saung Eaindray Tun's Facebook Account

သူမဟာ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ဂစ်တာရှိတ်လေးလို အချိုးအစားပြေပြစ်တဲ့ ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းနေတာဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာကိုဝါသနာကြီးလွန်းတဲ့ ဆောင်းအိန္ဒြေထွန်းက အနုပညာလှုပ်ရှားမှုတွေနဲ့ ချစ်စရာ tik tok လေးတွေကို မကြာခဏဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာလည်း ဆောင်းအိန္ဒြေထွန်းက ရိုက်ကူးရေးလုပ်ရင်း ဆော့ကစားထားတဲ့ သူမရဲ့ tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Saung Eaindray Tun's Facebook Account
Photo Credit - Saung Eaindray Tun's Facebook Account
Photo Credit - Saung Eaindray Tun's Facebook Account
Photo Credit - Saung Eaindray Tun's Facebook Account

ဒီဗီဒီယိုလေးထဲမှာတော့ ဆောင်းအိန္ဒြေထွန်းက ချစ်စရာကောင်းတဲ့ ဟန်အမူအရာလေးတွေနဲ့ မြင်သူတိုင်း ချစ်အားပိုအောင် ပေါ့ပေါ့ပါးပါးဆော့ကစားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝတ်ဆင်ထားတဲ့ ဖက်ရှင်ဝတ်စုံလေးက သူမရဲ့ ပင်ကိုယ်အလှတရားတွေနဲ့ လိုက်ဖက်နေတာ တွေ့ရပါတယ်။ ကဲ...ပရိသတ်ကြီးရေ လူငယ်တွေကို ပေါ့ပါးလွတ်လပ်စွာနဲ့ ချစ်စရာကောင်းလောက်အောင် ဆော့ကစားထားတဲ့ မမဆောင်းရဲ့ tik tok လေးကို ပြန်လည်ကြည့်ရှု့လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်VideoCredit & Source - Saung Eaindray Tun's Tik Tok Acc

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T